မြန်မာ ပြည်တွင်းစစ်ကြီးနဲ့အတူ UN…? R2P ဘယ်လိုခေါင်းစဉ်တပ်ပြီး ဘယ်အချိန်မှာ ဝင်လာနိုင်သလဲ


မြန်မာ ပြည်တွင်းစစ်ကြီးနဲ့အတူ UN…? R2P ဘယ်လိုခေါင်းစဉ်တပ်ပြီး ဘယ်အချိန်မှာ ဝင်လာနိုင်သလဲ

မြန်မာ ပြည်တွင်းစစ်ကြီးနဲ့အတူ UN…? R2P ဘယ်လိုခေါင်းစဉ်တပ်ပြီး ဘယ်အချိန်မှာ ဝင်လာနိုင်သလဲ


ကျနော်ကျမတို့ကိုယ်တိုင်….အာဏာသိမ်းပြီးနောက်ပိုင်း မအလကိုတိုက်ဖို့နိုင်ငံတကာရဲ့အကူညီကိုအရမ်း မျှော်လင့်ခဲ့ကြဘူးပါတယ်။အတွင်းကျကျလေ့လာမိတဲ့အခါ ကမ္ဘာ့နိုင်ငံရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေပါဝင်လာမှု ကိစ္စဟာ..


အရမ်းရှုတ်ထွေးပြီး ထင်သလောက်မလွယ်ကူကြောင်း သိရှိသွားကြပြီလဲဖြစ်ပါတယ်…အရမ်းကြီးမမျှော်လင့်တော့သလိုညဏ်မမှီဘူးထင်မိတဲ့အတွက်. ..သိပ်ပြီးတော့မရှေင်းပြချင်တော့ပါဘူး။


ဒီနေရာမှာမေးစရာရှိလာနိုင်တာက…နိုင်ငံတကာဘက်က အကူညီရရေးဟာအရေးမပါဘူးလားဆိုတယ့် မေးခွန်းမျိုးပါ။ဒီအရေးဟာ တောင်ပံ၂ဖက်ရှိပါတယ်။


ပြည်တွင်းနဲ့ပြည်ပ ဆိုပြီး။တောင်ပံတစ်စုံညီနေရင်တော့ လိုရာခရီးကို အမြန်ဆုံးသွားနိုင်မှာဖြစ်တဲ့အတွက် ရချင်မိပါတယ်။သို့သော်….ထိုင်စောင့်နေလို့တော့ မရပါဘူး။


UN…? G7..? R2Pလား..ဆိုတော့….အဓိက,က တော်လှန်ရေးအောင်မြင်ဖို့နဲ့…တော်လှန်ရေးအရှိန်မြှင့်တင်နိုင်ရေးဖြစ်လို့…ဆွဲခေါ်နိုင်သလောက်ဆွဲခေါ်ရင်း…စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်ခဲ့တဲ့အတွက်..ယနေ့ ကျနော်ကျမတို့ဒီနေရာဒီအဆင့်ထိ ရောက်လာခဲ့ကြပါပြီ။


တခုသတိထားရမှာက ယခုအချိန်မှာ….စိတ်ဓာတ်ရှိနေရုံနဲ့မပြီးတော့ဘူး…လုပ်ရပ်(တကယ်လုပ်ဖို့) လိုလာပါပြီ။ကျနော်ကျမတို့အားလုံး အာဏာရှင်ကိုဆန့်ကျင်ကြောင်းစစ်အုပ်စုကို မလိုလားကြောင်း …


မရ ရအောင် တော်လှန်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးလူတိုင်းမှာရှိနေကြောင်း တစ်ဖက်ရန်သူကိုပြသခဲ့ပြီးလဲဖြစ်ပါတယ်။တကယ်လုပ်ဖို့ပဲ ကျန်တော့တာပါ။နိုင်ငံတကာဘက်က ဝင်မလာနိုင်ဘူးလားမေးရင်…ဝင်လာနိုင်ပါတယ်…


ထင်သလောက်တော့ လွယ်ကူမလျှင်မြန်နိုင်ပါဘူး။အကုန်အကျ အဆုံးအရှုံးပိုများနိုင်ပြီး…ယခုအခြေနေအရဆို….ကျနော်ကျမတို့လှုပ်အားအပေါ်မှာမူတည်ပြီး..ကူညီမှုတွေရနိုင်တယ်လို့ ထင်မိပါတယ်။


ပြည်ပတပ်တွေဝင်ဖို့က ကုန်ကျစရိတ်တွေရှိပါသေးတယ်။ ဝင်လာလို့ရတဲ့အခြေနေ ၄ချက်ရှိတဲ့အနက်…ယခုပုံစံအတိုင်းဆိုလျှင် အခြေနေ ၂ ခုတော့ရှိပါတယ်။၁။ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း နဲ့…၂။ငြိမ်းချမ်းရေး ထိမ်းသိမ်းခြင်း။ဆိုတော့….


သိထားသင့်တာက…ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ဝင်လာပြီဆိုရင်…UN စစ်သားတဦးအတွက် တနှစ်ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၂သိန်းခွဲအထိ ရှိတယ်။(ယခုငွေဈေးနဲ့ဆို စဉ်းစားသာကြည့်လိုက်ပေါ့)


ဒီလိုမှမဟုတ်ပဲ…ကျနော်ကျမတို့အားလုံးက တက်ညီလက်ညီနဲ့တော်လှန်ကြလို့ ပွဲကောင်းလာရင်..နံပါတ်၂ဖြစ်တဲ့ ငြိမ်းချမ်းရေးထိမ်းသိမ်းရေး ဆိုပြီး..ဝင်ကူလာမယ်ဆိုရင်တော့….


UN စစ်သားတယောက်အတွက် ကုန်ကျငွေကUsဒေါ်လာ၄၅၀၀၀ သာရှိတဲ့အတွက်..ငြိမ်းချမ်းရေးထိမ်းသိမ်းရေးအစီစဉ်နဲ့ဝင်ဖို့ပဲ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထင်မိတယ်။


လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အခြေအနေတွေကိုစောင့်ကြည့်ပြီး….ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း (peace making)ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း (peace keeping)ဘယ်လိုအစီအစဉ်နဲ့ပါဝင်လာမယ်ဆိုတာကိုတော့…


NUG ၏ထိပ်ပိုင်းခေါင်းဆောင် သက်ဆိုင်ရာတာဝန်ရှိသူတွေကသာ ပိုပြီးသိမယ်လို့ယုံကြည်နေတဲ့အတွက်ကြောင့်.UN,R2P စတဲ့အဖွဲ့တွေဘက်က….ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း /တည်ဆောက်ခြင်းနဲ့ ပဋိပက္ခကာကွယ်တားဆီးရေးအတွက်….


ဘယ်ချိန် ရောက်လာ ရောက်လာ…ဘယ်တော့လာမယ်ပြောပြော…ယခုအချိန်မှာတော့….ကျနော်တို့အားလုံးသိရမှာက ကိုယ်အားကိုယ်ကိုးပြီး…


လှုပ်နိုင်သလောက်လှုပ်၊တိုက်နိုင်သလောက်တိုက်၊ထောက်နိုင်တဲ့ဘက်က ထောက်ပံ့ပေးပြီး….ကူနိုင်သလောက်ကူပေးကြပါလို့ တိုက်တွန်းရင်း….ဒီတိုက်ပွဲက ထင်သလောက်မလွယ်ကူပေမဲ့…


ကျနော်ကျမတို့နိုင်မှာကတော့ သေခြာနေပြီ ဖြစ်တာမို့စစ်ပွဲကိုနိုင်ချင်ရင်….အဝေးကြီးမျှော်မကြည့်နဲ့…မင်းလိုချင်ရင် မင်းကိုယ်တိုင်လုပ်


မင်းအနားမှာ မင်းသွားချင်တဲ့ပန်းတိုင်ရှိတယ် လို့..သတိပေးရင်း….လာပါ ကျနော်ကျမတို့အတူတူသွားရအောင်။


ခရက်ဒစ်..သံပါးစပ်