ဘာတွေ ဖြစ်ကုန်ပြီလဲ..? နွေရာသီတောင် စီးတဝေါဝေါ စီးနေတဲ့ ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေများပျောက်ဆုံး

2019-08-11 19:17:35


ဘာတွေ ဖြစ်ကုန်ပြီလဲ..? နွေရာသီတောင် စီးတဝေါဝေါ စီးနေတဲ့ ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန် ရေများပျောက်ဆုံး

ဘာတွေ ဖြစ်ကုန်ပြီလဲ..??? ထူးဆန်း အံ့သြဖွယ် ဖြစ်ရပ်တစ်ခုပါ။


ရုတ်တရက် ရေတွေ ပျောက်ကွယ်သွားသော ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန်


ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရေတံခွန်တွင် ယနေ့ မွန်းလွဲမှ စတင်ကာ ရေများစီးဆင်းမှု မရှိတော့ဘူးလို့ သိရပါတယ်. ..Win Naing Zaw ဆိုတဲ့ Fb အကောင့် ပိုင်ရှင်က တင်ထားတာဖြစ်ပါတယ်။




မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဓါတ်တော် ချိုင့်ရေတံခွန်တွင် ယနေ့ (သြဂုတ် ၁၁ ) မွန်းလွဲမှစကာ ရေကျဆင်းမှု မရှိတော့ကြောင်းသိရသည်။




ဒေသခံများ၏ အဆိုအရ နွေရာသီကာလများတောင် ယခုကဲ့သို့ မဖြစ်ဖူးကြောင်း သိရသည်။




ရေတံခွန်၏ အထက် ပိုင်းနားတွင် ဂလှိုဏ်ပေါက်တစ်ခုဖြစ်သွား၍ ရေကျဆင်းမှု ရပ်တန့် သွားခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများ ထွက်ပေါ်နေသည်။




ယခုလိုဖြစ်ရတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေသွားမယ်လို့လည်း သိရှိရပါတယ်။


Win Naing Zaw