အမျိုးသမီးတွေသိထားသင့်တဲ့ အမျိူးသားတွေရဲ့ လျှိူ့ဝှက်ချက် ( ၆ ) မျိုး

2020-02-10 14:09:05


အမျိုးသမီးတွေသိထားသင့်တဲ့ အမျိူးသားတွေရဲ့ လျှိူ့ဝှက်ချက် ( ၆ ) မျိုး

အမျိုးသမီးတွေသိထားသင့်တဲ့ အမျိူးသားတွေရဲ့ လျှိူ့ဝှက်ချက် ( ၆ ) မျိုး


1)သူတို့မှာ အနားယူဖို့ ကိုယ်ပိုင်အချိန်သီးသန့်လိုအပ်ပါတယ်

 

အမျိုးသားတွေဟာ ဦးဆောင်နေရခြင်း၊ဆုံးဖြတ်ချက်ချရခြင်း၊တာဝန်ယူနေရခြင်းတွေကို အချိန်ပြည့်လုပ်နေရတာ ငြီးငွေ့နေပါတယ်။ထို့ကြောငိ့ သူတို့မှာလဲ သက်တောင့်သက်တာဖြစ်ဖို့ ကိုယ်ပိုင်အချိန်လိုအပ်ပါတယ်။


(2)အသေးအဖွဲကိစ္စများကို ခေါင်းထဲ မထည့်ဘူး

 

သူတို့အတွေးက ကျယ်ပြန့်ပါတယ်။ဒါကြောင့် သင်ပြောသမျှ အသေးစိတ်တွေကိုသူတို့ ဂရုမစိုက်နိုငိပါဘူး။ဒါမို့ အသေးအဖွဲအရာတွေနဲ့ပတ်သက်ပြီး သူတို့ကိုမရစ်ပါနဲ့။ပြောရရင် ကိစ္စတိုင်းကို ခေါင်းထဲ မထည့်ဖို့ သူတို့ကိုတောင် အတုယူသင်ပါတယ်။


(3)တခါတလေ အူကြောင်ကြောင်နိုင်တယ်


မိနစ်တိုင်းမှာ မိသားစုကိစ္စနဲ့အရေးကြီးကိစ္စတွေတွေးမနေနိုင်ပါဘူး။သူတို့မှာလဲ ကလေးဆန်တဲ့ ခပ်ကြောင်ကြောင် အတွေးတွေရှိတတ်ပါတယ်။


(4)အမျိူးသားတွေလဲကြောက်တတ်ကြပါတယ်


သူတို့ကို သူရဲကောင်းဆိုပြီးတင်စားထားကြလို့သာ သူတို့အနေနဲ့ သတ္တိရှိကြောင်း အမြဲဖော်ပြကြတာပါ။တကယ်တမ်းမှာ သူတို့စိတ်ထဲမှာလဲ စိုးရိမ်စိတ်ကြောက်လန့်စိတ်ရှိတတ်ပါတယ်။


(5)ဖြတ်သွားသမျှ စော်တွေကို ငမ်းချင်ကြပါတယ်


ယောကျ်ားမှန်ရင် မျက်စိရှေ့တွေ့သမျှကို ငမ်းချင်တာ သဘာဝပါတဲ့။ဒါကိုတော့ လက်ခံပေးရပါမယ်။ သင့်ကိုကြောက်လို့သာ သင့်ရှေ့ မငမ်းတိုင်း သူတည်ငြိမ်တယ်လို့ဆိုလို့မရပါဘူး။အလှကြိုက်ပေမယ့် ကိုယ်ကို့အလှဆုံးလို့သတ်မှတ်လို့ ဇနီးအဖြစ်ရွေးထားတယ်ဆိုပြီး အကောင်းမြင်ပေးနိုင်ပါတယ်။


(6)ဇနီးသည်ဆီက အားပေးစကားကိုနှစ်သက်ကြတယ်


ယောကျ်ား၊မိန်းမမရွေးစိတ်ဖိစီးမှူဆိုတာ ရှိလို့ ဇနီးတစ်ယောက်အနေနဲ့ နွေးထွေးစွာ အားပေးတာမျှော်လင့်ကြပါတယ်။


Writer – Dr Jue ( XYZ News)