မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထောင်ဒဏ် အနှစ် ၉၀ ချမှတ်ခံရ


မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထောင်ဒဏ် အနှစ် ၉၀ ချမှတ်ခံရ

မကွေး၊ နိုဝင်ဘာ ၂၂ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ မကွေးတိုင်း


ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို SAC က ဒီကနေ့မှာ ထောင်ဒဏ် အနှစ် ၉၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။


ဒေါက်တာအောင်မိုးညိုကို SAC က ပုဒ် ၅၀၅ ခ၊ အဂတိမှုတွေ အပါအဝင် အမှု ၈ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။


ဒါ့အပြင် SAC က ဒေါက်တာအောင်မိုးညိုကို ရုံးထုတ်ချိန်မှာလည်း ရာဇဝတ်သား တစ်ယောက်လို သံခြေချင်းခတ်ပြီး ရုံးထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။


လက်ရှိမှာ ဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင်မှာ အကျဉ်းချထားပြီး အခြားဘယ်နေရာကို ပြောင်းရွှေ့ထောင်ဒဏ် ကျခံစေမလဲဆိုတာကိုတော့ မသိရှိသေးဘူး။


Mercury_Media