ပြိုင်ဘက်အသင်းသားတွေကတောင် ဂိုးဆက်မသွင်းဖို့ တားယူခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့အံ့မခန်းစွမ်းရည်

2020-02-10 13:27:59


ပြိုင်ဘက်အသင်းသားတွေကတောင် ဂိုးဆက်မသွင်းဖို့ တားယူခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့အံ့မခန်းစွမ်းရည်

ပြိုင်ဘက်အသင်းသားတွေကတောင် ဂိုးဆက်မသွင်းဖို့ တားယူခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့အံ့မခန်းစွမ်းရည်


စီရော်နယ်ဒိုရဲ့ အစွမ်းတန်ခိုးကြီးမားချက်ကတော့ ပြိုင်ဘက်အသင်းကတော့ ဂိုးဆက်မသွင်းတော့ဖို့ တားယူခဲ့ရတဲ့အထိပါပဲ။ စီရော်နယ်ဒိုဟာ Ballon d’Or ဆုကို (၅) ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး ဘောလုံးလောကအတွင်း သူစွမ်းဆောင်ပြခဲ့တဲ့အရာတွေက တကယ့်ကို အံ့အားသင့်စရာတွေပါပဲ။ ကျွန်းငယ်လေးကနေ ကမ္ဘာကြီးဆီကို ထိုးဖောက်လာနိုင်ခဲ့တဲ့ စီရော်နယ်ဒိုကတော့ တကယ့်ကို လေးစားစရာ ကစားသမားပဲ ဖြစ်ပါတယ်။


အခုနှစ်ရာသီအစောပိုင်းမှာ ရုန်းကန်ခဲ့ရလို့ စီရော်နယ်ဒိုတစ်ယောက် အရှိန်ကုန်သွားပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာ စီရော်နယ်ဒိုဟာ အံ့အားသင့်ဖွယ်ပေါက်ကွဲပြနေခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဗီရိုနာနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် စီးရီးအေ (၁၀) ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ နောက်ခံလူတွေအတွက် အိပ်မက်ဆိုးပါပဲ။


စီရော်နယ်ဒိုနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တဲ့ နောက်ခံလူလည်း ရှိမယ်မထင်ပါဘူး။ ၂၀၀၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူနဲ့ ရိုးမားတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အားလုံးအမှတ်ရဦးမယ်ထင်ပါတယ်။ အဲဒီပွဲစဉ်မှာ မန်ယူအသင်းက (၇-၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။


ဒီပွဲစဉ်မှာ စီရော်နယ်ဒိုက သူ့ကို ရိုးမားကစားသမားတွေက ရပ်တန့်ဖို့ ပြောဆိုခဲ့တယ်လို့ ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။ “(၆-ဝ) ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ သူတို့က ကျွန်တော်ကို ရပ်တန့်ဖို့ တောင်းဆိုကြတယ်။ လိမ်ခေါက်တာတွေ ဆက်မလုပ်တော့ဖို့ တောင်းပန်ကြတယ်။


တချို့တွေကတော့ ကျွန်တော့်ကို ရိုက်ချိုးပစ်မယ်လို့ ခြိမ်းခြောက်ကြတာပေါ့”လို့ စီရော်နယ်ဒိုက ဖွင့်ဟသွားခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကစားသမားကတောင် ရပ်တန့်ဖို့ တောင်းဆိုခဲ့ရတဲ့ စီရော်နယ်ဒိုရဲ့ အစွမ်းကတော့ လေးစားစရာကောင်းနေတယ်လို့ ဆိုရမှာပါ။