မီတာခမပေးဘဲဆန့်ကျင်နေ၍ တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မည်ဟုဆို


မီတာခမပေးဘဲဆန့်ကျင်နေ၍ တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မည်ဟုဆို

တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မှာဖြစ်ပြီး မီတာပုံမှန်ဆောင်တဲ့ နေရာဒေသတွေကိုတော့ ပုံမှန်မီးရအောင်ပေးဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဌာနတွေကို ပေးပို့တဲ့စာ ဖော်ပြထားပါတယ်။


ဓာတ်အားဖြန့်ဖြူးတဲ့ မဟာဓာတ်အားလိုင်း တိုင် ၆ တိုင်ကိုအရေးပေါ်ပြုပြင်ရမှာဖြစ်တာကြောင့်တလလောက်ကြာနိုင်ပြီးဝန်အား၁၅၀မဂ္ဂါဝပ်လောက်လျှော့ချနိုင်ဖို့လိုတယ်လို့ဆိုပါတယ်အင်ဂျင်နီယာချုပ်က ပေးပို့တဲ့စာမှာတော့


စစ်ကောင်စီနဲ့ တိုက်ပွဲတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းကို ၂၅ မဂ္ဂါဝပ်နဲ့ အများဆုံးလျှော့ချဖို့ စီစဉ်ထားပြီး မကွေး တိုင်းနဲ့ ဧရာဝတီတိုင်းကိုတော့ ၂၀ မဂ္ဂါဝပ်စီ လျှော့ချမှာ


ဖြစ်ပါတယ်ညနေ ၆ နာရီက ည ၈ နာရီအထိ မီးဖြတ်ဝန်အားလျှော့ ချမယ်လို့ အဲဒီစာမှာ ဖော်ပြထားပြီး ရန်ကုန်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့ကတော့ လျှော့ချမယ့် စာရင်းထဲ မပါဝင်ပါဘူး။….


မီးဖြတ်တဲ့အခါ နေ့တိုင်းမဖြစ်အောင် အလှည့်ကျစနစ်လုပ်ဖို့နဲ့ လစဉ်မီတာခ ပုံမှန်ပေးတဲ့ မြို့၊ ရပ်ကွက်တွေကိုတော့ ပုံမှန်ဓာတ်အားရတဲ့အုပ်စုမှာထည့်ပြီး အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ရအောင်


အထူးဂရုပြုရမယ်လို့လည်း ဆိုပါတယ်အကြမ်းဖက်စစ်ကောင်စီ တက်လာပြီးနောက်ပိုင်း န်အယ်လ်ဒီအစိုးရလက်ထက်ကလျှော့ပေးခဲ့တဲ့မီတာခသက်သာခွင့်တွေကိုရပ်ဆိုင်းလိုက်သလိုပြည်သူတွေကလည်း


မီတာခ မပေးဘဲ ဆန့်ကျင်ခဲ့တာကြောင့် နေရာတော်တော်များများမှာ မီတာခမဆောင်တဲ့ အိမ်တွေကို စစ်တပ်က မီးဖြတ်နေပါတယ်။