ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့်စစ်ကိုင်းတိုင်းရင်းသားလူမျိုးများအားလိမ္မာကြဖို့ မင်းအောင်လှိုင် ဆုံးမစကားပြောကြား


ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့်စစ်ကိုင်းတိုင်းရင်းသားလူမျိုးများအားလိမ္မာကြဖို့ မင်းအောင်လှိုင် ဆုံးမစကားပြောကြား

ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့်စစ်ကိုင်းတိုင်းရင်းသားလူမျိုးများအားလိမ္မာကြဖို့ မင်းအောင်လှိုင် ဆုံးမစကားပြောကြား


စစ်ကိုင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ​ကျောင်းသားများနှင့် စစ်​ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ ခဲ့ကြပါသည်။


ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် စစ်ကိုင်း ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအပတ်စဥ် ၄ ၊ သင်တန်းဆင်းမယ့်ကျောင်းသူကျောင်းသားတွေနဲ့ စစ်​ကောင်စီ ဥက္ကဋ္ဌ မင်း​အောင်လှိုင် ယမန်​နေ့က​တွေ့ဆုံခဲ့​ကြောင်း သိရသည်။


သင်တန်းဆင်းအရေအတွက်က ၂၇၂ ယောက် ရှိသည့်အနက် ၇၂ ယောက်က နေပြည်တော်က ငုရွှေဝါခန်းမမှာ မနေ့က တွေ့တာ ဖြစ်ပြီး ကျန်တဲ့၂၀၀ က တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနဲ့ ပင်လုံခန်းမတွေကနေ video conferencing နဲ့တက်တာ ဖြစ်​ကြောင်းသိရသည်။


တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊


ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့်ကိုယ်ကျင့်တရား ကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် ဖြစ်တယ်လို့ အဆို​တွေဆုံပွဲမှာ စစ်​ကောင်စီ ဥက္ကဋ္ဌ မင်း​အောင်လှိုင်က ​ပြောကြားခဲ့​ကြောင်းလည်း သိရသည်။


ပညာရေးဘွဲ့၅နှစ်သင်တန်း အပတ်စဥ် ၄ မှာ သင်တန်းသားစုစုပေါင်း ၃၀၂ ယောက်ရှိတဲ့အနက် ၂၇၂ ယောက် က ကျောင်းတက်နေပြီး ယခု နိုဝင်ဘာလနှောင်းပိုင်း မှာ ဘွဲ့ရမှာဖြစ်ပါသည်။


ဘွဲ့ယူပြီးရင် ကိုယ့်မြို့နယ်တွေမှာ အထက်တန်းပြ ရာထူးနဲ့ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါသည်။


ကချင်ပြည်နယ်က ကျောင်းသား ​ကျောင်း သူ ၁၆ ဦးရှိတဲ့အနက် ၁၆ ယောက်လုံးသွားတက်တာလို့လည်း သိရှိရပါသည်။