ထွန်းထွန်းမင်းနဲ့ တူးတူး။ မင်းတို့နှစ်ယောက်လုံးရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ငါက ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့သမား

2019-08-11 18:35:08


ထွန်းထွန်းမင်းနဲ့ တူးတူး။ မင်းတို့နှစ်ယောက်လုံးရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ငါက ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့သမား

ထွန်းထွန်းမင်းနဲ့ တူးတူး။ မင်းတို့နှစ်ယောက်လုံးရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ငါက ကမ္ဘာ့အကောင်းဆုံးလက်ဝှေ့သမား။ ဘယ်သူ့ကိုမှ ငါမကြောက်ဘူး။ လူတိုင်းက လက်ဝှေ့ဘုရင်ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ လက်ဝှေ့လောကမှာ ဘုရင်ဆိုတာ တစ်ပါးတည်းရှိရမှာ။ 




ထွန်းထွန်းမင်း…ငါတို့တွေ ၃ ကြိမ်ရင်ဆိုင်ဖူးတယ်။ ငါဝါနုတဲ့ဘ၀တုန်းက မင်းကို ဒဏ်ရာရအောင် ထိုးသတ်ခဲ့ဖူးတယ်။ ငါ့ကို မင်းထပ်စိန်ခေါ်ပြီး နောက် ၂ နှစ်အကြာ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက မင်းကို ငါအစီးထိုးခဲ့တယ်။ ငါ့တံတောင်ရိုက်ချက်နဲ့ မင်းအိပ်ပျော်သွားတာ စက္ကန့် ၄၀ ကြာတယ်။ ပွဲဆက်ထိုးနိုင်ဖို့ မင်းအကူလူတွေက ၂ မိနစ်အနားတောင်းပေးခဲ့ရတယ်။