အာဏာပြန်လွှဲပေးရုံနဲ့ မပြေလည်နိုင်တော့တဲ့ ဆူဒန်


အာဏာပြန်လွှဲပေးရုံနဲ့ မပြေလည်နိုင်တော့တဲ့ ဆူဒန်

ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah Al-Burhan က နေအိမ်အကျဥ်းချထားတဲ့ ဝန်ကြီးချုပ်Abdalla Hamdok ကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး မူလတာဝန်ပြန်ပေးခဲ့ပေမယ့် ဆူဒန်နိုင်ငံရေးပြသနာကို ပြေလည်သွားစေမှာမဟုတ်ဘူးလို့ ဆူဒန်အတိုက်အခံတွေကပြောပါတယ်။ 


အောက်တိုဘာ ၂၅ ရက်နေ့က ဥပဒေနဲ့မညီတဲ့ အာဏာသိမ်းမှု ကျုးလွန်ခဲ့ပြီး ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တဲ့ စစ်ရာဇဝတ်မှုတွအတွက် အရင်ဆုံး တရားရင်ဆိုင်ရမယ်လို့ the Forces for Freedom and Change (FFC) ဆူဒန်အတိုက်အခံအဖွဲ့ကြီးကပြောပါတယ်။ 




''ဝန်ကြီးချုပ်နဲ့အရပ်သားအစိုးရကို ဖမ်းချင်သလိုဖမ်း -နိုင်ငံတကာဖိအားကြောင့်ပြန်လွှတ် -ပြီးရင်အာဏာခွဲဝေရေးလုပ်'' စတဲ့လုပ်ရပ်တွေဟာ ဆူဒန်မှာဘယ်တော့မှ ပြီးဆုံးမှာမဟုတ်တဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်တို့ သဘောတူတာတွေကို လက်မခံနိုင်ဘူးလို့လည်း ဆူဒန်အတိုက်အခံအဖွဲ့တွေကပြောပါတယ်။ 


စစ်အာဏာရှင်အဆက်ဆက်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာနေထိုင်ခဲ့ရတဲ့ ဆူဒန်အတွက်လုံလောက်သင့်ပြီလို့လည်း အတိုက်အခံတွေက ပြောပါတယ်။ ၂၀၁၉ ခုနှစ်မှာ စစ်အာဏာရှင်  Omar al-Bashir ကို စစ်တပ်ကပဲဖြုတ်ချခဲ့ပြီး စစ်တပ်နဲ့ အရပ်သား အာဏာခွဲဝေအုပ်ချုပ်ဖို့ သဘောတူခဲ့ပြီးမှ၂ နှစ်အကြာ စစ်တပ်ကပဲ ပြန်အာဏာသိမ်းတာဟာ စစ်တပ်က နိုင်ငံ့အာဏာကို အပြည့်အဝချုပ်ကိုင်ဖို့ ရည်ရွယ်တာလို့ လည်းအတိုက်အခံတွေကပြောပါတယ်။ 

ဆူဒန်နိုင်ငံနိုင်ငံရေးမှာ စစ်တပ်က ဘယ်တော့မှ ဝင်မရူပ်ဖို့အတွက် အခုအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို နမူနာအနေနဲ့ တရားစီရင်ပြဖို့လိုတယ်ဆိုပါတယ်။ 




ဆူဒန်နိုင်ငံရဲ့အနာဂါတ်ကို အခုလမ်းပေါ်ထွက် အသေခံဆန္ဒပြနေတဲ့လူငယ်တွေကပဲဆုံးဖြတ်ခွက့်ရှိတယ်လို့ အတိုက်အခံအဖွဲ့ကြီးကပြောပါတယ်။ လမ်းမတွေပေါိက ဆူဒန်လူငယ်တွေရဲ့ သွေးတွေမခြောက်သေးသလို အဲဒီလူငယ်တွေရဲ့ အသက်သွေးတွေအတွက် အာဏာသိမ်းစစ်တပ်က တာဝန်ခံဖြေရှင်းရမယ်ဆိုပါတယ်။ 




အဲဒီအတွက် အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးစရာမရှိသလို အာဏာသိမ်းစစ်တပ်ပါဝင်တဲ့ သဘောတူညီချက်တွေကို လက်မခံနိုင်ဘူးလို့လည်း ဆူဒန်အတိုက်အခံညွှန့်ပေါင်းအဖွဲ့ကြီးက ထုတ်ဖေါ်ပြောဆိုထားပါတယ်။ 

ပြန်လွတ်လာတဲ့ ဆူဒန်ဝန်ကြီးချုပ်ကတော့ သွေးထွက်သံယိုမှုတွေဆက်မဖြစ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ အာဏာခွဲဝေရေးသဘောတူညီချက်ကို လက်ခံခဲ့တာလို့ဆိုပါတယ်။ အာဏာခွဲဝေရေးသဘောတူညီချက်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမယ်လို့ ဆူဒန်စစ်ခေါင်းဆောင်က ပြောထားပါတယ်။ ပြည်တွင်းစစ်ဖြစ်မယ့်အရေးက ကာကွယ်ဖို့ဆိုပြီး စစ်တပ်က အောက်တိုဘာလထဲက အာဏာသိမ်းခဲ့တာပါ။ စစ်တပ်အာဏာသိမ်းလို့ဆိုပြီး အာဖရိကသမဂ္ဂကနေ ဆူဒန်ကို အဖွဲ့ဝင်နိုင်ငံအဖြစ်က ဆိုင်းငံ့ထားသလို နိုင်ငံတကာငွေကြေးအဖွဲ့တွေကလည်း အကူအညီတွေရပ်ဆိုင်းခဲ့ပါတယ်။


Source ; BNN

Sa J MM