ခါးနာ၊ ခါးကိုက်၊ ဒူးဆစ်နာ၊ ထိုင်ထခက်၊ လက်မောင်း လက်ဆစ်ကိုက် မကြာချက်ချင်း သက်သာစေမည်

2019-07-26 21:49:05


ခါးနာ၊ ခါးကိုက်၊ ဒူးဆစ်နာ၊ ထိုင်ထခက်၊ လက်မောင်း လက်ဆစ်ကိုက် မကြာချက်ချင်း သက်သာစေမည်

ခါးနာ၊ ခါးကိုက်၊ ဒူးဆစ်နာ၊ ထိုင်ထခက်၊ လက်မောင်း လက်ဆစ်ကိုက် မကြာချက်ချင်း သက်သာစေမည်


နည်းကတော့- ခါးနာ၊ ဒူးနာ၊ ထိုင်မရ ထမရ၊ ခြေကိုက်၊ လက်ကိုက်၊ လက်မောင်း လက်ဆစ်ကိုက် ( လက်မောင်းလက်ဆစ်ကိုက် ပြင်းထန်ရင် ငိုယိုနေရပြီး ဆေးထိုးအပ်နဲ့ဆေးသွင်း )တာတွေ အာလုံး ရိုးတွင်းချဉ်ဆီ ခမ်းခြောက် နည်းပါးသွားခြင်းနဲ့အတူ အပူအောင်းအပူခို အကြောလွှဲနေတာလို့ ဆင်ခြင်သုံးသပ်မိပြီး ဖြစ်တဲ့နေရာကို ကြက်ဆူဆီ (Castor oil ) သွင်းပါတယ်။ စေးပျစ်နေခဲ့ရင် ဆီတစ်မျိုးမျိုး အနည်းငယ်စပ်ပြီး ပွတ်လိမ်းသွင်းရပါတယ်။

လိမ်းတာနဲ့ ဆီသွင်းတာမတူပါဘူး။ ဆီသွင်းတယ်ဆိုတာ ဆီကို အသားထဲစိမ့်ဝင်သွားအောင် ဆီပျောက်အောင် လိမ်းရတာပါ။ တစ်ခါလိမ်းရင် မိနစ်နှစ်ဆယ် နာရီဝက်ခန့်ကြာတတ်ပါတယ်။ ဆီပျောက်ပြီဆို နောက်တစ်ခါ ထပ်ယူပြီး လိမ်းပွတ်သွင်း။ တစ်နေ့ကို နံနက်တစ်ကြိမ် ညတစ်ကြိမ် ပွတ်လိမ်းသွင်းလိုက်ရင် တစ်ရက် နှစ်ရက်အတွင်း သိသိသာသာ သက်သာပျောက်ကင်းသွားပါမယ်။ မကြာပါဘူး။ ( ကားများကို ဂီယာဝိုင် အင်ဂျင်ဝိုင် ဂရစ်ဆီထည့်သလိုပါပဲ )…. ဆီတိုင်းတော့မရပါ။ အတွေ့အကြုံ လက်တွေ့အရ ကြက်ဆူဆီသာ ရပါတယ်။

အင်္ဂလိပ်ဆေးရောင်းတဲ့ ဆိုင်တွေမှာ ကလေး ဝမ်းနုတ်ဆေး ကြက်ဆူဆီ (Castor oil ) မေးဝယ်လျှင် ရပါတယ်။ ဗူးကြီးဗူးသေးအလိုက် တစ်ဗူး ၆၀၀ ကျပ်နဲ့၁၀၀၀ ကျပ်ကျော် ဝန်းကျင်ရှိပါတယ်။

Credit-Min Khaung