ဘယ်လောက် စိတ်ဆိုးနေပါစေ မိဘတွေ ကို ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း ….

2020-02-08 20:17:30


ဘယ်လောက် စိတ်ဆိုးနေပါစေ မိဘတွေ ကို ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း ….

ဘယ်လောက် စိတ်ဆိုးနေပါစေ မိဘတွေ ကို ဘယ်တော့မှ မပြောသင့်တဲ့ စကား (၇) ခွန်း ….


မိဘ နဲ့သားသမီးကြားမှလည်း စိတ်အခန့်မသင့်တာလေးတွေ၊ ငြင်းခုန်တာလေးတွေကတော့ ရှိတတ်တာသဘာဝပါပဲ။


ကိုယ့်ရဲ့စိတ်ထဲမှာ ခံစားရတဲ့အတိုင်း ထုတ်ပြောတာ၊ တုန့်ပြန်တာဟာ ရိုင်းစိုင်းတာမဟုတ်ပါဘူး။ တကယ်ကိုဖြစ်သင့်တဲ့ အရာတစ်ခုပါ။


ဒါေ ပမယ့်လည်း မိဘကို ကိုယ့်ခံစားချက်တွေထုတ်ပြတဲ့အခါမှာ သူတို့ကို နာကျင်သွားစေမယ့်၊ သင့်ကိုလည်း နောင်တရစေမယ့် စကားလုံးအချို့ရှိပါတယ်။


ဒီလိုစကားတွေကိုတော့ လုံးဝမပြောမိဖို့ရှောင်ရှားပါနော်။ တစ်ချိန်မှာ သင်နောင်တရနေမှာမို့လို့ပါ။


(၁) မုန်းတယ်ဆိုတဲ့ စကားကို မပြောပါနဲ့။ ဒီစကားဟာ သာမန်လူတွေအတွက်တောင် အရမ်းကို ခံစားရခက်တဲ့ စကားလုံးဖြစ်တာကြောင့် သင့်မိဘတွေအတွက်ဆို ပိုပြီးနာကျင်မှာပါ


(၂) ဘာဖြစ်လို့များ သင့်ကိုမွေးခဲ့တာလဲလို့ လုံးဝမပြောပါနဲ့။ သင်ဟာ ဘယ်လိုပဲဖြစ်နေပါစေ အခုချိန်မှာ သူတို့ရဲ့သွေးသားပါပဲ။ သင့်ကို ရင်နဲ့အမျှချစ်တဲ့ မိဘနှစ်ပါးကို ခဏတာ စိတ်အခန့်မသင့်တာနဲ့ပဲ ဒီလိုမပြောသင့်ပါဘူး။


(၃) သင့်ကိုဘယ်တော့မှ အားမပေးဘူးလို့ မပြောပါနဲ့။ သင်ရွေးချယ်ထားတဲ့ လမ်းကြောင်းအပေါ် သင့်မိဘနှစ်ပါးက အားမပေးဘူးဆိုရင် သူတို့မှာလည်း အားမပေးရတဲ့ အကြောင်းအရင်းရှိမှာပါ။ ဒါကို နားလည်ပေးပြီး သင့်ရဲ့ ရွေးချယ်မှုကို ပြန်လည်ဆင်ခြင်သင့်ပါတယ်။


မွေးချင်းထဲက အကြီးဆုံးတွေဟာ နူးညံ့တဲ့ အချစ်တတ်ဆုံးသူများ ဖြစ်ကြောင်း လေ့လာသိရှိ


(၄) တခြားမောင်နှမတွေကို ပိုချစ်တယ်လို့ မပြောပါနဲ့။ သင့်မိဘတွေဟာ သင်တို့မောင်နှမတွေအားလုံးကို တစ်ယောက်တစ်မျိုးစီ ချစ်ကြပါတယ်။


ဒါကိုသင်နားလည်အောင် ရှင်းပြဖို့မဖြစ်နိုင်တာကြောင့် သင့်ကိုချစ်တယ်ဆိုတာ ယုံလိုက်ပါ။


(၅) ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ်ဆိုတဲ့စကားမျိုးကိုလည်း လုံးဝမပြောသင့်ပါဘူး။ ဒါဟာ သင့်ရဲ့မိဘကို အနာကျင်စေဆုံးစကားဖြစ်ပါတယ်။


သင့်မိဘနဲ့ပတ်သက်ပြီး သင့်မှာခံစားချက်တွေအများကြီးရှိမှာပါ။ ဒါပေမယ့် သူတို့ကို ဒီလိုစကားမျိုးမပြောသင့်ပါဘူး။ ပြည့်စုံတဲ့သူရယ်လို့ လောကမှာမရှိပါဘူး။


(၆) မိဘတွေကို ကူညီရတာ သို့ ထောက်ပံ့ရတာ ပင်ပန်းတယ်လို့ မငြီးပါနဲ့။


သင့်ကို ငယ်စဉ်ကတည်းက အခုအချိန်အထိ ပြုစုပျိုးထောင်ပြီး အရွယ်ရောက်တဲ့အထိ ကျွေးမွေးခဲ့ရတာကို ပင်ပန်းတယ်လို့ တစ်ချက်မှ မငြီးခဲ့တဲ့ သင့်မိဘတွေပါ။


(၇) မိဘတွေအနားမှာ မနေချင်ဘူးလို့မပြောပါနဲ့။ မိဘတွေအသက်ကြီးလာတဲ့အခါ ပြုစုရတာတွေ၊ သည်းခံရတာတွေ များများလာမှာပါ။ မိဘတွေကို ရှောင်တာ၊ မခေါ်မပြောပဲနေတာ၊ အကြာကြီးမဆက်သွယ်တာတွေ မလုပ်သင့်ပါဘူး။


မိဘတွေဟာ အသက်ကြီးလာတာနဲ့အမျှ အထီးကျန်လာကြတာကြောင့် သားသမီးတွေကိုပဲ တမ်းတနေတတ်ကြပါတယ်။


သင့်ကို ငယ်စဉ်မှာ မငြီးမတွားနဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့သင့်မိဘအပေါ် သင်လည်း တာဝန်ကျေပွန်သင့်ပါတယ်


credit Shwe Wiki Myanmar – Yangon