ဒီနေ့ အသီးကောက်ထွက်ရကျိူးနပ်တော့ ပျော်တယ်ဗျာ ကုက္ကိုသီးတွေ တော်တော်များများရခဲ့တယ်

2020-02-08 20:15:34


ဒီနေ့ အသီးကောက်ထွက်ရကျိူးနပ်တော့ ပျော်တယ်ဗျာ ကုက္ကိုသီးတွေ တော်တော်များများရခဲ့တယ်

ဒီနေ့ အသီးကောက်ထွက်ရကျိူးနပ်တော့ ပျော်တယ်ဗျာ ကုက္ကိုသီးတွေ တော်တော်များများရခဲ့တယ်


ဒီနေ့ အသီးကောက်ထွက်ရကျိူးနပ်တော့ ပျော်တယ်ဗျာ


ကုက္ကိုသီးတွေ တော်တော်များများရခဲ့တယ်


အားတဲ့နေ့တိုင်း ဆိုင်ကယ်တစ်စီး အိတ်တစ်လုံးနဲ့ အသီးကောက်ထွက်နေတာ ကြာပြီ


အခုဆို ခရေစေ့တွေ အတော်များပြီ ထနောင်းစေ့တွေလည်း နည်းနည်းရထားတယ်


ဒီရက်ပိုင်းခရေသီးကောက်တာခဏရပ်ထားပြီး ကုက္ကိုသီးတွေလိုက်ကောက်နေတယ်


ဒီနေ့ ကန်တော်ကြီးပတ်လည်မှာ အများကြီးပဲရခဲ့တယ်


အခုကတည်းက စုထားတယ်


မိုးရာသီအတွက်ပေါ့ ခရီးသွားရင် ဗူးထဲထည့်ယူသွားမယ် ခြောက်သွေ့တဲ့ဒေသတွေရောက်ရင်


ဥပမာ ပခုက္ကူလိုမျိုး ရောက်ရင် ကားပေါ်ကနေ လမ်းဘေးကို ကျဲပစ်ခဲ့လို့ရတာပေါ့


အသီးတွေက ဒီအတိုင်းဆို အလကားဖြစ်သွားမယ်


အခုလို လုပ်ပေးတော့ ၁၀၀ မှာ ၁၀ ပင်ပဲပေါက်ဦးအဲဒါ အမြတ်ပဲလေ


ကမ္ဘာကြီးအတွက် ကိုယ်တတ်နိုင်သမျှ အလှဆင်ခြင်းပေါ့ပိုက်ဆံလည်းမကုန်ဘူး


ကိုယ့် အားနေတဲ့အချိန် အလကားနေအလကားမို့ အကျိုးရှိတာလေးနဲ့ အချိန်ဖြုန်းကြည့်တာပါ


လှပတဲ့ အကြံကောင်းလေးဖြစ်မယ်ထင်လို့သူငယ်ချင်းတွေလည်း ဝါသနာပါရင် လုပ်ကြည့်လို့ရအောင် ဝေမျှလိုက်ပါတယ်


မောင်ရဲထွေး ဧည့်လမ်းညွှန်