နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ မတင်မော်လင်း(၂၈)မှ ရဲတွေကို လိုက်လံခြောက်လှန့်နေ


နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ မတင်မော်လင်း(၂၈)မှ ရဲတွေကို လိုက်လံခြောက်လှန့်နေ

နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ မတင်မော်လင်း(၂၈)မှ ရဲတွေကို လိုက်လံခြောက်လှန့်နေ


မအူပင်မြို့မရဲစခန်းအနီး သရဲခြောက်သည်ဟုဆိုကာ ညပိုင်းအချိန်များတွင် သေနတ်ပစ်ဖောက်မှုများပြုလုပ်နေ


ဧရာဝတီတိုင်းမ်


မအူပင်မြို့မရဲစခန်းအနီး၌ သရဲခြောက်သည်ဟုဆိုကာ ညပိုင်းအချိန်များတွင် ရဲစခန်းအနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။


“မအူပင်စခန်းနားတဝိုက်ရော လိုင်းခန်းတွေမှာရော သရဲခြောက်တယ်ဆိုပြီး ဖြစ်နေလို့ ညဘက် ၁၀ နာရီကျော်တာနဲ့ ရဲတွေက သေနတ်တွေ ဖောက်နေကြတာ”ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် မတင်မော်လင်း (အသက် ၂၈ နှစ်) မှာ နိုဝင်ဘာလ ၉ ရက်နေ့က မအူပင်ရဲစခန်းတွင် သေဆုံးခဲ့သည်။


မတင်မော်လင်း သေဆုံးပြီးနောက် ဗုဒ္ဓဘာသာအရ မကျွတ်မလွတ်ဖြစ်ကာ မအူပင်ရဲစခန်း၏ အချုပ်ခန်း၊ မတင်မော်လင်းအား စစ်ဆေးခဲ့သည့်အခန်း၊ ရဲဝန်ထမ်းလိုင်းခန်းနှင့် ရဲတပ်ဖွဲ့ကင်းလှည့်သည့်နေရာများတွင် ခြောက်လှန့်မှုများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။


ထိုသို့ခြောက်လှန့်နေသဖြင့် မအူပင်စခန်းမှ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။


“ည ၁၀ နာရီကျော်တာနဲ့ မအူပင်စခန်းဘက်ကနေ သေနတ်သံတွေ ကြားနေရတာ။


သူတို့ရဲတွေ နှိပ်စက်လို့ သေတဲ့ကောင်မလေးက လိုက်ခြောက်နေတာလို့ ပြောတယ်။


ရဲစခန်းအချုပ်ခန်းသံတိုင်တွေပါ ကိုင်လှုပ်တာတွေပါ ဖြစ်နေတယ်လို့ ပြောတယ်”ဟု မအူပင်မြို့မရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။


Ayeyarwaddy Times


crd