ကျိုက်နဲ့ဘုရားအသွား လှိုင်ရိုက်လို့ သမီးဖြစ်သူမျော်ပါသွားပြီး အသက်ဘေးမှလွတ်မြောက်လာသူ၏ ပြောကြားချက်…


ကျိုက်နဲ့ဘုရားအသွား လှိုင်ရိုက်လို့ သမီးဖြစ်သူမျော်ပါသွားပြီး အသက်ဘေးမှလွတ်မြောက်လာသူ၏ ပြောကြားချက်…

ယနေ့ ကျိုက်နဲဘုရားအသွား သမီးဖြစ်သူ လှိုင်းရိုက်လို့ ရေထဲမျောပါသွားတဲ့ အကြောင်းစုံဖြစ်စဉ်


ကျိုက်နဲရေလယ်ဘုရား(နတ်လမ်း)သို့ ဘုရားဖူးသွားရာ မှ ရေနစ်သေဆုံးမှု ဖြစ်စဉ်အကျဉ်း မှာ လှေမှောက်သေဆုံးခြင်း မဟုတ်ပါ ။


ဘုရားဖူးများအား ရေတက်နေပြီဖြစ်၍ ခေတ္တစောင့်စောင်းပြီးမှ ပြန်ကြသွားကြရန် ပြောကြားသော်လည်းနားထောင်မှုမရှိဘဲ ရင်ဘတ်ခန့်ရှိသော ရေအားဖြတ်၍ ဘုရားမှပြန်ကြ၊ဘုရားဆီသို့ သွားကြရာမှ လှိုင်းပုတ်ဒဏ်ကြောင့် ဘေးလက်ရန်း ကာထားသော ဝါးလုံးများ..လူအုပ်၏ ဒဏ်ကိုမခံနိုင်ဘဲ ပြုတ်ထွက်ကာ လူအယောက်(၅၀)ခန့် ရေနက်ရာဘက်သို့ လွင့်စင် နစ်မြုပ့်ခဲ့ခဲ့ပါသည်။


၁၃ဦးအသက်ရှင်စွာဖြင့် ကယ်တင်နိင်ပြီး လက်ရှိ ဆယ်ယူရရှိသော အလောင်းစုစုပေါင်း(၁၅)လောင်း ရှိပါသည်။အမျိုးသား (၃)လောင်းအမျိုးသမီး (၂)လောင်း ဖြစ်သည်။အသက်(၉)နှစ်အရွယ် ယောကျာ်းလေး နှင့်သံဃာတော်(၁)ပါးပါဝင် ကြောင်းပျောက်ဆုသူ(၃၀)ခန့်ရှိနေ၍ ဆက်လက်ရှာဖွေဆဲ.ဖြစ်ကြောင်းလူမှုကွန်ယက်မှာရေးသားထားချက်များအရ သိရပါတယ် ။


ဒါ့အပြင် ကိုယ်တိုင်ကြုံခဲ့သူ မခင်ချိုသန့် ရဲ့ ပြောပြချက်အရ ဒီနေ့ဖြစ်သွားတာက ခင်တို့နဲ့ရှေ့ဆင့်နောက်ဆင့်ပါပဲ ခင်တို့က လမ်းမပေါ်တော့ တစ်ဝက်နဲ့ပြန်လှည့်ခဲ့တာ တစ်ချိူ့တွေက အဆုံးထိသွားကြတယ်


ဘာလို့သူတို့ကအဆုံးထိသွားကြလဲဆို တစ်နှစ်မှတစ်ခါကြုံတောင့်ကြုံခဲ ဖူးရတဲ့ ဘုရားမို့လမ်းပေါ်ဖို့ မနက်2နာရီထဲက မအိပ်ပဲစောင့်ကြရတာ အာ့ကြောင့်လူတွေက အဆုံးထိသွားကြတာ ဘုရားကလဲပိတ်ထားတာ 2နှစ်ရှိပြီးဆိုတော့ လူတွေက သောင်းနဲ့ချီလာကြတာ ပေါ်တဲ့လမ်းကကျဉ်း လူတွေကများ လမ်းက တစ်ဝက်ပဲပေါ်သေးတော့လူတွေက ရပ်စောင့်နေတဲ့အချိန်မှာ လှိူင်းအလုံးကြီးပုတ်ပြီး လူ100လောက်ရေထဲကျသွားတာပါ


အားလုံးက အပျော်သွားကြတာမဟုတ်ပါဘူး ခဲရာခဲဆစ်ဖူးရတဲ့ဘုရားမို့သွားကြရင် အခုလိုတွေ ဖြစ်သွားတာပါ တစ်ချို့တွေက ဘာမှမသိပဲ အထင်နဲ့မပြောစေချင်ပါဘူး ကိုယ်ခြင်စာကြပါရှင့် ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတဲ့တွက် ပိုပြီးရင်နာရပါတယ် လို့ သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ် ။ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့လည်း အသိ သတိ ဆင်ခြင်ပြီး သာသနာတော်ပြန့်ပွားရေးအတွက် ကုသိုလ်ရေး များ များများလုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။