ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့ ကယ်ဆယ်ရေးပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ


ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့ ကယ်ဆယ်ရေးပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာ ကယ်ဆယ်ရေး လှေတစ်စီးလှူဒါန်းခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ကျိုက်မရောမြို့က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။



ကျိုက်မရော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ကယ်ဆယ်ရေးရိက္ခာပေးဝေရေးများ၊ အရေးပေါ်နေရာများတွင်အသုံးပြုနိုင်ရန်အတွက် ကယ်ဆယ်ရေး သီးသန့်သုံးRescue Boat (တန်ဘိုးငွေ တစ်စီးလျှင် ကျပ် သိန်း ၅၀) ကို ရေကြီးသော နေရာများသို့ ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် အတွက်ရည်ရွယ်ကာ ခိုင်နှင်းဝေက လှူဒါန်းပေးခဲ့တာပါလို့လည်းသူရဲ့ လှူဒါန်းရတဲ့ ရည်ရွယ်ချက်လေးကို ပါ မျှဝေထားခဲ့ပါသေးတယ်။




ခိုင်နှင်းဝေကသူရဲ့ ပရဟိတအဖွဲ့မှာ လာရောက်လှူဒါန်းတဲ့ (၇)ရက်သားသမီးတွေရဲ့ အလှူငွေတွေကနေ ပြန်လည်လှူဒါန်းတာဖြစ်တဲ့အတွက် ခုရက်သားသမီးများအလှူအဖြစ်လှူဒါန်းပေးခဲ့ပါတယ်တဲ့။ CeleZone ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ ဒီနေ့မှာပြုလုပ်ခဲ့တဲ့ အလှူလေးကိုလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။



Source – Khine Hnin Wai