စပါးအသင်း မှ နည်းပြနှစ်ဦးက မြန်မာကလေးငယ်များ ကို ဘောလုံး ကစားနည်း သင်ပေးမည် ….

2020-02-06 14:36:59


စပါးအသင်း မှ နည်းပြနှစ်ဦးက မြန်မာကလေးငယ်များ ကို ဘောလုံး ကစားနည်း သင်ပေးမည် ….

စပါးအသင်း မှ နည်းပြနှစ်ဦးက မြန်မာကလေးငယ်များ ကို ဘောလုံး ကစားနည်း သင်ပေးမည် ….


ဥရောပ ထိပ်တန်းလိဂ် ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်သည့် တော့တင်ဟမ်ဟော့စပါးအသင်းမှနည်းပြနှစ်ဦးသည်ုမန်မာနိုင်ငံသို့လာရောက်၍ ယအသက် ၇ နှစ်မှ ၁၄ နှစ်ကြားရှိကလေးငယ် ၂၄၀ဦးကို အခြေခံဘောလုံးကစားနည်းများကိုဒုတိယအကြိမ် လာရောက်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။


စပါး အသင်း၏နည်းပြဆရာများသည် Football Clinic အစီစဉ် အနေဖြင့်ရန်ကုန်ယူနိုက်တက်အသင်းအိမ်ကွင်းတွင်ကလေးငယ်၂၄၀ ဦးအားဘောလုံးအခြေခံနည်းစနည်းများကိုလေ့ကျင့်သင်ကြားပေးသွားမည်ဟု AIA Myanmar ၏တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားသည်။


AIA Myanmar မှ မခိုင်ဇာစုကနည်းပြကတော့စပါးကနည်းပြ ၂ ယောက်ပါပဲအရင်လာတုန်းက နည်းပြတွေမဟုတ်ပါဘူးဘယ်သူတွေလာမယ်ဆိုတာတော့အတိအကျ နာမည်စာရင်းမထွက်သေးပါဘူးအကြမ်းဖျင်း ကနည်းပြ ၂ ယောက်လာပါ မယ်တစ်နေ့ကုန် သင်ပေးမှပါ၊ နံနက်ပိုင်းနဲ့နေ့လယ်ပိုင်း ခွဲပြီးသင်ပေးမှပါဟုမဇ္ဈိမသို့ ပြောသည်။


အဆိုပါ ကလေးငယ်၂၄၀ ဦးကို နံနက်ခင်းတစ်ဖွဲ့နှင့်နေ့လယ်ခင်းတစ်ဖွဲ့ဆိုကာနှစ်ဖွဲ့ခွဲ၍ဘောလုံးကစားနည်းကိုလေ့ကျင့်သင်ကြားပေးရန် စီစဉ်ထားကြောင်းယခုလမှာလာရောက်မည့်ခရီးစဉ်သည်ဒုတိယအကြိမ်ဖြစ် ကြောင်း ၂၀၁၉ ခုနှစ်ကပထမအကြိမ်အဖြစ်သင်ကြားပေးခဲ့သေးကြောင်း၎င်းကပြောသည်။


AIA Myanmarသည်စပါးအသင်းကို စပွန်ဆာပေးထားသောအသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်မှ စတင်ကာကလေးငယ်များအတွက် Football Clinic အစီစဉ် အနေဖြင့်ဘောလုံးပညာရပ်များကိုစပါးအသင်းမှနည်းပြများကို ခေါ်ဆောင်၍လေ့ကျင့် းသင်ကြားပေးနေကြောင်းသိရသည်။


၂၀၁၉ ခုနှစ်ကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်ကလည်း စပါးအသင်း၏အိမ်ကွင်းသို့သွားရောက်ပြီး နည်းပြမော်ရင်ဟိုတိုက်စစ်မှူးဟာရီကိန်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အခြေခံပညာကျောင်းများတွင် ဘောလုံး အားကစားနည်းများနှင့် ပတ်သက်ပြီ


း FIFA ၊ AFCကျန်မားရေးနှင့်အားကစားဝန်ကြီးဌာနပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ဆောင်ရွက်ခဲ့သော Football For School အစီစဉ်ကို တက်ရောက်ခဲ့သေးသည်။


မဇၨ်ိမ