လီဗာပူးကို လိုက်မမီနိုင်တော့ဘူးဟု မန်စီးတီးနည်းပြပြော

2020-02-03 23:07:08


လီဗာပူးကို လိုက်မမီနိုင်တော့ဘူးဟု မန်စီးတီးနည်းပြပြော

လီဗာပူးကို လိုက်မမီနိုင်တော့ဘူးဟု မန်စီးတီးနည်းပြပြော


လီဗာပူးအသင်းဟာ ရပ်တန့်လို့မရနိုင်တော့ဘဲ လိုက်မမီနိုင်တော့ဘူးလို့ မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။မနေ့ညက စပါးအသင်းကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်အပြီးမှာ ပြောကြားလိုက်တာပါ။


လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးနဲ့ ကျန်ပြိုင်ပွဲတွေမှာ ဆုဖလားအောင်မြင်မှု ရရှိရေးသာ ကြိုးစားရတော့မယ်လို့ ဆိုပါတယ်။ရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်လို့တော့ မကျေမနပ်ဖြစ်တာမျိုးမရှိဘဲ အသင်းဟာ အားထုတ်ကြိုးပမ်းခြင်း မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။


လက်ရှိမှာတော့ မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းနဲ့ ၂၂ မှတ်ထိ ကွာဟသွားခဲ့ပြီ ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ရင်တောင် လီဗာပူးရဲ့ ခြေစွမ်းအရ အမှတ်ပေးဖလားကို မျှော်မှန်းနိုင်ဖို့မရှိတော့တဲ့ အခြေအနေဖြစ်နေပြီလို့ နိုင်ငံတကာမီဒီယာတွေမှာ သုံးသပ်ဖော်ပြနေပါတယ်။


DVB TV News