၁၀-၈၂၀၁၉ ရက်နေ့ မိုးဇလ မှ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

2019-08-10 19:35:16


၁၀-၈၂၀၁၉ ရက်နေ့ မိုးဇလ မှ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း…..(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။


ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် …..


နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။




မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။


မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။




လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။


နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်။


နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။




ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


စူပါတိုင်ဖုန်း မုန်တိုင်းကြီး အဖျားခတ်နေတဲ့မွန်ပြည်နယ် အန္တရာယ်ကင်းရှင်းပါစေ…..


မိုးလေဝသသတင်းအရ မွန်ပြည်နယ် ကရင်ပြည်နယ် ရာသီဥတု ဆက်လက်ဆိုးရွာမည်။Heavy Rainfall & Flash flood warning စူပါတိုင်ဖုန်းမုန်တိုင်းကြီးလီကီမနှင့် မြန်မာ….


Lekima Typhoon (CAT-4) အဆင့်ရှိ မုန်တိုင်းကြီးရဲ့ လေဆွဲယူအားသည် Andaman Sea (ကပ္ပလီပင်လယ်ပြင်) အတွင်း မုတ်သုန်လေ အားအလွန်ကောင်းလာနေပါသည် ။


တနင်္သာရီတိုင်းတွင် လေပြင်းများကျရောက်ပြီး မိုးကြီးနိုင်ပါတယ် …..မုတ္တမပင်လယ်ကွေအတွင်း မုတ်သုန်လေအားအလွန်ကောင်စွာ ဝင်ရောက်နေမှာဖြစ်ပြီး မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသများ မိုးသည်းထန်နိုင်ပါတယ် ။


အဆိုပါမုန်တိုင်းဆွဲအားကြောင့် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်း မကွေးတိုင်းအထက်ပိုင်း ရန်ကုန်တိုင်းတို့တွင် ၂၀၁၉ ဩဂုတ်လ ၉ရက်နေ့မှ ၁၁ရက်နေ့အတွင်း မိုးများရွာသွန်းနိုင်ပါသည်။


(အညာဒေသများ ၁၀ ရက် ၁၁ ရက်နေ့ မိုးရရှိနိုင်) အဆိုပါဖြစ်စဉ်ကြောင့် တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်နှင့် စစ်တောင်မြစ်ဝှမ်းအောက်ပိုင်း ဘီလင်းမြစ် သံလွင်မြစ်အောက်ပိုင်းနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော မြစ်ချောင်းများ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာနိုင်ပါသည်…


ပဲခူး ညောင်လေးပင် ဝေါ မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်း ဒေသများ ခရီးသွာလာခြင်း ပင်လယ်ပြင်သွားကောက်ခြင်းများ အန္တရာယ်ရှိပါသည်…ဘေးအန္တရာယ်ကင်းဝေးကြပါစေ…။ 09/08/2019 at 1:24pm (MMT) / #မွန်ပြည်နယ် သတင်းစုံ