(၇) နှစ်သမီးကို ထမင်းစားတာ နှေးလွန်းလို့ ဆိုပြီး သံတုတ်နဲ့ သေတဲ့အထိ ရိုက်တဲ့ မိထွေး

2019-08-10 18:42:57


(၇) နှစ်သမီးကို ထမင်းစားတာ နှေးလွန်းလို့ ဆိုပြီး သံတုတ်နဲ့ သေတဲ့အထိ ရိုက်တဲ့ မိထွေး

မိထွေးတိုင်းက မဆိုးကြပေမဲ့လည်း မွေးမိခင်အရင်းလောက်တော့ ချစ်နိုင်မှာ မဟုတ်ဘူးလို့ပဲ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံ ရှိန်ဒုန်မြို့က (၇) နှစ်အရွယ် သမီးလေးဟာ ထမင်းစားတာ နှေးလွန်းတဲ့ အတွက် မိထွေးဖြစ်သူက သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ (၁) နာရီကြာ သံတုန်နဲ့ ရိုက်ခဲ့ပါတယ်။


ကလေးဟာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အဖေဖြစ်သူက ဆေးရုံကို အမြန်ပို့ပေးခဲ့ပေမဲ့ အသက်ကယ်ဖို့ မမှီတော့ဘဲ (၁၀) မိနစ်အတွင်း ဆုံးသွားပါတယ်။


သတင်းအရ ဂူမူ (Guo Muo) လို့ ယူဆရတဲ့ သမီးလေးဟာ မိသားစုနဲ့အတူ နေ့လယ်စာစားတဲ့ အချိန်မှာ သူ့ရဲ့ မိထွေးက သူ့ကို “စားတာ အရမ်း နှေးရင် အရိုက်ခံရမယ်”လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထမင်းစားပြီးတဲ့ အချိန်မှာ မိထွေးက ကလေးကို အိပ်ခန်းထဲ ခေါ်သွားပြီး တံခါးပိတ်လျက် သံတုတ်နဲ့ ကလေးကို ရိုက်ခဲ့ပါတယ်။