ထိပ်သီးအစည်း အဝေး အာဏာသိမ်းစစ်ခေါင်းဆောင်တက်ခွင့်ရရေး တရုတ်သံတမန်လှည့်လည် စည်းရုံးသော် လည်း အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့က ကန့်ကွက်


ထိပ်သီးအစည်း အဝေး အာဏာသိမ်းစစ်ခေါင်းဆောင်တက်ခွင့်ရရေး တရုတ်သံတမန်လှည့်လည် စည်းရုံးသော် လည်း အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့က ကန့်ကွက်

အာဆီယံ-တရုတ်ထိပ်သီးအစည်း အဝေး အာဏာသိမ်းစစ်ခေါင်းဆောင်တက်ခွင့်ရရေး တရုတ်သံတမန်လှည့်လည် စည်းရုံးသော် လည်း အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့က ကန့်ကွက်ခဲ့ကြပါသည်။


နိုဝင်ဘာလ ၁၉ ရက်နေ့။


သောင်းကျန်းသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသမ္မတအဖြစ် လက်ခံကျင်းပမည့် ဒေသတွင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အရှေ့တောင်အာရှနိုင်ငံများအား တရုတ် အာရှရေးရာ ထူးသံတမန် Sun Guoxiang လှုံ့ဆော်ခဲ့သော်လည်း အာဆီယံနိုင်ငံတချို့က လက်မခံခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ် အရ သိရှိရသည်။


မြန်မာနိုင်ငံတွင် အကျပ်အတည်းနှင့် ဒီမိုကရေစီ ဖိနှိပ်မှုတို့ကြောင့် တုန်လှုပ်ခြောက်ခြားနေသော အာဆီယံအဖွဲ့ဝင်အများအပြားသည် အာဆီယံအစည်း အဝေးများမှ ဖယ်ထုတ်ခြင်းဖြင့် ၎င်း၏ဗိုလ်ချုပ်များကို ဖိအားပေးရန် ကြိုးပမ်းခဲ့ကြပြီးဖြစ်သည်။


အာဆီယံခေါင်းဆောင်များသည် အာဆီယံဘုံသဘောတူညီချက် ကတိကဝတ်များကို လိုက်နာခြင်းမရှိသည့် မြန်မာစစ်ဦးစီးချုပ် ဗိုလ် မင်းအောင် လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးမှ ပိတ်ပင်ခဲ့သည်။


အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် တရုတ်-အာဆီယံ အစည်းအဝေးမှ ပိတ်ပင်ရန် အလိုရှိကြောင်း ဒေသတွင်းရှိ သံတမန်နှင့် နိုင်ငံရေး အရင်းအမြစ် လေးခုက ပြောကြားခဲ့သည်။


မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဘရူနိုင်းတို့သည် အာဆီယံ၏ ရပ်တည် ချက်ကို ဆက်ထိန်းထားရန် သဘောတူညီခဲ့ကြသည်” ဟု ရိုက်တာသတင်းက ဆိုပါသည်။


အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah သည် အောက်တိုဘာလ ထိပ်သီးအစည်းအဝေး မတိုင်မီ ခေါင်းဆောင်များ ပြသခဲ့သည့် ရပ်တည်ချက် အပေါ် ဆက်လက် ရပ်တည်လျက်ရှိကြောင်း ပြောသည်။


“အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့်ခေါင်းဆောင်ရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး အရင်အတိုင်းပဲ အင်ဒိုနီးရှားက တသမတ်တည်း ရှိနေပါတယ်” ဟု Faizasyah က ပြောကြားခဲ့သည်။


ဒီမိုကရေစီစနစ် ပြန်လည်မထူထောင်မချင်း မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ် စားပြုသူ အစည်းအဝေးများ တက်ခွင့်မပြုဆိုသော သဘောထားကို ဆက် လက် ကိုင်စွဲထားသည်။


မလေးရှား ၊စင်ကာပူ၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးများက မှတ်ချက်ပေးခြင်းမရှိသော်လည်း မူလသဘောထားအတိုင်း ရပ်တည်လျက်ရှိကြောင်း သံတမန်သတင်းရပ်ကွက်အဆိုပါသည်။


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Zhao Lijian က အင်္ဂါနေ့တွင် တရုတ်နိုင်ငံသည် နိုင်ငံရေးအရ ပြေလည်မှု့ရယူရာတွင် မြန်မာနိုင်ငံရှိ ပါတီအားလုံးကို ထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။