လေဆိပ်မှာ မသင်္ကာကာလို့ စစ်ဆေးလိုက်တော့ အတွင်းခံထဲက စိန်ထုပ်(၂)ထုပ်တွေ့ရှိ

2019-08-10 18:37:39


လေဆိပ်မှာ မသင်္ကာကာလို့ စစ်ဆေးလိုက်တော့ အတွင်းခံထဲက စိန်ထုပ်(၂)ထုပ်တွေ့ရှိ

ချမ်းသာမှုကို လိုချင်ကြတာ လူတိုင်းပါပဲ။ ဒါပေမယ့် ချမ်းသာချင်တဲ့ သူချင်းအတူတူ အချို့က သမ္မာအာဇီဝ စစ်စစ်နဲ့ တရားဥပဒေနဲ့ လွတ်ကင်းပြီး အများရဲ့ ငြိုငြင်မှုမရှိ တရားဥပဒေရဲ့ ငြိုငြင်မှု မရှိအောင် ကြိုးစားကြပါတယ်။ ဒါပေမယ့် အချို့လူများကတော့ ချမ်းသာမှုကို ဖြတ်လမ်းကနေလိုက်ပြီး-


တရားဥပဒေနဲ့ လွတ်ကင်းသည်ဖြစ်စေ မလွတ်ကင်းသည်ဖြစ်စေ အလွယ်သာရမယ်ဆို ဘနဖူး သိုက်တူးရတူးရ လုပ်ကြလေ့ရှိပါတယ်။ မကောင်းမှုဆိုတာ ဥပဒေရဲ့ သားကောင်ပဲဆိုတာ လူတိုင်း သတိထားသင့်ပါတယ်။ ကွာလာလမ်ပူမြို့က (၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ-




အိန္ဒိယနိုင်ငံထဲကို ရင်းဂစ်ငွေ (၁.၃)မီလီယံ တန်ဖိုးရှိ စိန်တွေကို မှောင်ခိုတင်သွင်းရန်ကြိုးပမ်းမှုဖြင့် Chennai အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မနေ့က ဖမ်းစီးလိုက်ပါတယ်။ အဲဒီလူကို အိန္ဒိယ IUIA အရာရှိများက တရားဝင်တားစီးလိုက်တာ ဖြစ်ပြီး သူရဲ့ အိပ်ထဲမှာစိန်ထုပ်အများအပြား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။




MalayMail ရဲ့ သတင်းဖော်ပြချက်အရ အရာရှိတွေဟာ မလေးရှားနိုင်ငံကနေ အဖိုးတန်စိန်တွေကို တရားမဝင် တင်သွင်းမယ်ဆိုတဲ့ အကြောင်း၊ ထောက်လှမ်းရေးများရဲ့ သတင်းပေးချက်အရ ရှာဖွေမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တရားခံရဲ့ အိတ်ထဲကနေ စိန်ထုပ်(၈)ထုပ် တွေ့ရှိသည့်အပြင်-


အတွင်းခံထဲမှလည်း စိန်နှစ်ထုပ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စိန်ထုပ် (၁၀)ထုပ်ထဲမှာ တစ်ထုပ်ကို စိန်လုံးအသေး (၅၅)လုံးပါဝင်ပြီး အဖြုရောင် ဇစ်အိတ်နဲ့ ထုတ်ပိုးခဲ့တာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေထံ သတင်းပေးပို့ခဲ့တာက လေဆိပ်အပြင်ဘက်က ဝယ်ယူသူထံ စိန်တွေကို လွှဲပြောင်းပေးမယ်လို့-




သတင်းအတိအကျ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့တွေက လေဆိပ်အပြင်ဘက်မှာ ပုန်းအောင်းပြီး စောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ဝယ်သူဘက်က ဘယ်သူမှာ ပစ္စည်းကို လာမယူခဲ့ပါဘူး။ သူတို့ဆီကိုလည်း သတင်းက ပေါက်သွားပုံရပါတယ်။


မင်းနွယ်ခန့် (D Nae Thit & D Nae Khit)


source : IndiaToday