မိဘမဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ကျောင်းထိုင်ဆရာတော်မှ သားမယား ပြုကျင့်

2019-08-10 18:34:23


မိဘမဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ကျောင်းထိုင်ဆရာတော်မှ သားမယား ပြုကျင့်

မိဘမဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ကျောင်းထိုင်ဆရာတော်မှ သားမယား ပြုကျင့်


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ တိုးချဲ့(၂)၊ မြိုင်သာယာရပ်၌ မိဘမဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ကျောင်းထိုင်ဆရာတော်မှ သားမယား ပြုကျင့်၍ ကိုယ်ဝန် ၆လ ရရှိမှု ဖြစ်ပွားကြောင်း သိရသည်။


လွန်ခဲ့သော ၆ လ(၂၀၁၉ ၊ ဖေဖော်ဝါရီ) ရက်မမှတ်မိ၊ အဆိုပါရပ်ကွက်တွင်နေထိုင်သော အသက် ၁၄ နှစ်သမီး (လက်ရှိသတ္တမတန်းတက်ရောက်နေသူ)သည် နံနက် ၁၀ နာရီတွင်ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့စဉ်တွင်


ကျောင်းထိုင်ဆရာတော်ဦးသောပိတက ကျောင်းစာအုပ်များ အခန်းတွင်း၌ သွားယူရန်ပြောဆို သဖြင့် အခန်းတွင်းသို့ဝင်ရောက်စဉ်တွင် အဓမ္မပြုကျင့်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။


ဓမ္မပါလဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဦးသောပိတကို သြဂုတ် ၇ ရက်တွင် အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း ပခုက္ကူမြို့မရဲတပ်ဖွဲ့ထံမှ ဆိုသည်။


ဆရာတော်ဦးသောပိတ၏အဓမ္မပြုကျင့်မှုကို ပြန်ပြောပါက အစ်မနှင့်အဖွားဖြစ်သူတို့က ရိုက်နှက်မည်ကို စိုးသဖြင့် ပြန်မပြောဘဲနေလာခဲ့ရင်း ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်၌နံနက်ပိုင်း၌ အမျိုးသမီးလစဉ် ဓမ္မတာမလာတော့သဖြင့် နေထိုင်မကောင်းကြောင်း


အဖွားကိုပြောပြရာကနေ ဆေးခန်းပြသရာတွင် ကိုယ်ဝန် ၆ လခန့်လွယ်ထားရပြီဖြစ်ကြောင်း သိရှိသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းအရ သိရသည်။


“ကလေးမလေးက မိဘတွေမရှိတော့ဘူး။အစ်မနဲ့ အဖွားဖြစ်သူတို့ကနေ ကျွေးမွေးစောင့်ရှောက်နေတာပေါ့။ ဆွမ်းချိုင့်သွားပို့ရင်းနဲ့ ကျောင်းထိုင်ဆရာတော်က အဓမ္မပြုကျင့်တာလို့ တိုင်ကြားထားတယ်။


အခုပြစ်မှုကျူးလွန်သူကို လူဝတ်လဲစေပြီးတော့ ဖမ်းဆီးထားလိုက်ပြီ။ သက်တော်/၀ါတော်တွေ ဘယ်လောက်လဲဆိုတာတော့ စာရင်းပြန်ကြည့်ပေးမယ်။ ကျွန်တော်လည်းအပြင်ရောက်နေလို့ပါ”ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက RNDသတင်း အေဂျင်စီသို့ သြဂုတ် ၉ ရက်တွင်ပြောသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူ ကျောင်းထိုင်ဆရာတော်ဦးသောပိတကို လူဝတ်လဲစေပြီး ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့် ပခုက္ကူမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


သာခိုင်(မုနိမြီ)


Real News Distribution Agency