သွားချေးချွတ်ကုမ္ပဏီရဲ့ သဘာဝလွန်ကြော်ငြာကြောင့် ပရိသတ်ကြားမှာ ရယ်စရာဖြစ်ခဲ့ရ

2019-08-10 18:31:39


သွားချေးချွတ်ကုမ္ပဏီရဲ့ သဘာဝလွန်ကြော်ငြာကြောင့် ပရိသတ်ကြားမှာ ရယ်စရာဖြစ်ခဲ့ရ

သွားချေးချွတ်လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုဟာ မဖြစ်နိုင်တဲ့ သဘာဝလွန် ဓာတ်ပုံတွေကို သုံးပြီး၊ ပရိသတ်ကို စွဲဆောင်ဖို့ ကြိုးစားခဲ့ရာ၊ ပရိသတ်ကြားမှာ ရယ်စရာဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာကလည်း အဲဒီသွားကုမ္ပဏီကို အရေးယူမှု တစ်စုံတရာပြုလုပ်ဖို့ ရှိနေပါတယ်။


အဆိုပါ ကုမ္ပဏီရဲ့အမည်မှာ HiSmile လို့ သိရပြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ ပါးစပ်ထဲမှာ သွားအချောင်း (၆၀)လောက် ပေါက်နေတဲ့ပုံစံနဲ့ သူတို့ ဝန်ဆောင်မှုကို အများသိအောင် စွဲဆောင်ခဲ့တာပါ။ ဒါပေမယ့် လူပြောစရာ ဖြစ်ခဲ့ပြီး၊ ယုတ္ထိမဲ့တဲ့ ပုံစံဖြစ်နေလို့ အများက လှောင်ပြောင်တာကို ခံခဲ့ရပါတယ်။




သူတို့ ကြော်ငြာကတော့ ပေါက်သွားခဲ့ပြီး၊ လူပေါင်း (၁)သောင်းလောက်က Like ပြုလုပ်ခဲ့သလို၊ ပြန်လည်မျှဝေသူတွေကလည်း သူတို့ကိုယ်ပိုင် ထင်မြင်ယူဆချက်များနဲ့အတူ ထောင်နဲ့ချီ လှောင်ပြောင်တာကို ခံခဲ့ရပါတယ်။ သာမန်အားဖြင့် အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ သွား (၃၂)ချောင်းပဲ ရှိတာပါ။




ဒါပေမယ့် ဒီကုမ္ပဏီကတော့ သွားအချောင်းပေါင်း (၆၀)လောက်အထိ ဓာတ်ပုံပြင် ပညာနဲ့ အသုံးပြုထားတာက ပြောစရာ ဖြစ်သွားပါတယ်။ သူတို့ရဲ့ ကြော်ငြာမှာ ” ခင်ဗျားတို့သွားတွေကို ကျွန်တော်တို့ အကုန်ဖြူအောင် လုပ်ပေးမှာပါ … သူငယ်ချင်းတွေကိုလည်း လက်တို့လိုက်ပါဦး”လို့ ရေးထားပါတယ်။


နေသူရိန် (D Nae Thit & D Nae Khit)


source : Mirror