ရှားပါးရောဂါကြောင့် လိင်အင်္ဂါကျောက်သားအဖြစ် အသွင်ပြောင်းနေတဲ့အမျိုးသား

2019-08-10 18:18:21


ရှားပါးရောဂါကြောင့် လိင်အင်္ဂါကျောက်သားအဖြစ် အသွင်ပြောင်းနေတဲ့အမျိုးသား

ရောဂါအဆန်းတွေ တောက်လျှောက်ဖြစ်နေတဲ့ ကာလကြီးမှာ မကြားဖူးတဲ့ပုံစံမျိုးနဲ့ ရောဂါတွေ တစ်ခုပြီး တစ်ခုကြားနေရတာအမှန်ပါ။ အခုဖြစ်ခဲ့တဲ့ ရောဂါကလည်း အမျိုးသားတစ်ဦးရဲ့ လိင်အင်္ဂါဟာ တဖြည်းဖြည်းနဲ့ ကျောက်သားအသွင် အရိုးဆဲလ်တွေ ပျံ့လာပြီး နောက်ပိုင်းမှာ အကုန်လုံးက မာသွားမယ့် ရောဂါမျိုးပါ။


အမေရိကန် နယူးယောခ့်မှာရှိတဲ့ ဆေးကျန်းမာရေး စင်တာဆီကို လူနာတစ်ဦး ရောက်လာခဲ့ပါတယ်။ ရောက်လာစဉ်က ဒူးကိုက်လို့ဖြစ်ပြီး၊ တခြားသူတွေလို ပုံမှန်စစ်ဆေးဖို့လာခဲ့တာပါ။ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးမှုပြုလုပ်နေစဉ်မှာပဲ ဆရာဝန်က ဆီးခုံကို ဓာတ်မှန်ရိုက်ခဲ့ပါတယ်။ အမျိုးသားက သူ့အနေနဲ့ အရင်တုန်းက ဘယ်လိုကြီးကြီးမားမားရောဂါ တစ်ခုမှ မခံစားဖူးဘူးလို့ ဆိုပါတယ်။




ဆီးခုံကို ဓာတ်မှန်ရိုက်လိုက်ချိန်မှာတော့ ထူးခြားဆန်းကြယ်တဲ့ အရိုးဆဲလ်တစ်မျိုးဟာ အမျိုးသားရဲ့ လိင်တံထဲမှာ ဖြစ်ပွားနေပါတယ်။ ဆရာဝန်က သူတို့ရလာတဲ့အဖြေကို လူနာကို ပြောခဲ့ပါတယ။် အသက် (၆၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နာမည်မဖော်လိုသူအမျိုးသားဟာ ဆရာဝန်တွေက မဟုတ်တာတွေ ပြောနေတယ်ဆိုပြီး၊ ဘယ်လိုအကြံပေးတာကိုမှ လက်မခံဘဲ ဆေးရုံကနေ ဆင်းလာခဲ့ပါတယ်။




ဆရာဝန်က သတိပေးခဲ့ပေမဲ့ လူနာဟာ ထွက်ခွာသွားခဲ့လို့ သူတို့အကြံပေးချက်တွေဟာ အရာမရောက်ခဲ့ပါဘူး။ ထူးခြားတာက လိင်အင်္ဂါကြီးထွားအောင် မမှန်ကန်နဲ့ နည်းနဲ့ ပြုလုပ်ထားတာမျိုးလုံးဝမရှိဘဲ ဆဲလ်ကြောင့်အရိုးဟာ ကျောက်သားလို ဖြစ်လာဖြစ်ပြီး၊ အထူးသဖြင့် လိင်တံက ကျောက်သားလို့ဖြစ်လာတာပါ။ ဆေးပညာဂျာနယ်မှာ ဒီအကြောင်းကို ဖော်ပြခဲ့ချိန်မှာတော့ သူတို့လုပ်နိုင်တဲ့အပိုင်းက သိပ်မရှိကြောင်းကို ပြောခဲ့ပါတယ်။




ခွဲစိတ်တာ၊ ဖယ်ရှားတာနဲ့ အစားထိုးတာ တစ်ခုခုလုပ်နိုင်တာမျိုးနဲ့ ပိုကောင်းအောင်စမ်းသပ်နိုင်တာမျိုးကိုပဲ လုပ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ လူနာက အပြင်ကို ပြန်ရောက်နေပြီဖြစ်ပြီး၊ ဆရာဝန်တွေရဲ့ ပြောကြားချက်ကို လက်မခံဘဲ ကုသမှုကို ငြင်းထားတယ်လို့ ဆိုပါတယ်။


သူရေး ( D Nae Thit )