နှစ်​နာရီ​ကြာ နှိပ်​စက်​သားမယားပြုကျင့်​ပြီး သတ်​ဖြတ်​ပစ်​တဲ့ အသက်​မပြည့်​ ဆယ်​​ကျော်​သက်​မုဒိမ်းမှု

2019-07-26 20:11:02


နှစ်​နာရီ​ကြာ နှိပ်​စက်​သားမယားပြုကျင့်​ပြီး သတ်​ဖြတ်​ပစ်​တဲ့ အသက်​မပြည့်​ ဆယ်​​ကျော်​သက်​မုဒိမ်းမှု

အင်္ဂလန်​နိုင်​ငံမှာ အသက်​ ၁၇ နှစ်​အရွယ်​ Ayman Aziz ဆိုတဲ့ ဆယ်​​ကျော်​သက်​လူငယ်​ဟာ အွန်​လိုင်း​ပေါ်မှာသိကျွမ်းခင်​မင်​ခဲ့တဲ့ အသက်​ ၁၄ နှစ်​အရွယ်​ Viktorija Sokolova ဆိုသူ မိန်းက​လေးငယ်​ကို ဖြား​ယောင်း​သွေး​ဆောင်​ပြီး ပန်ုးခြံ သားမယားပြုကျင့်​လို့ လူကိုပါ ညှဉ်းပန်းသတ်​ဖြတ်​မှု အခင်းဖြစ်​ပွားခဲ့ပါတယ်​။




Aziz ဟာ မိန်းက​လေးကို ဝူဗာဟမ်​တန်​ပန်းခြံမှာ​တွေ့ကြမယ်​လို့ ချိန်းဆိုပြီး​ခဲ့ပါတယ်​။ ပန်းခြံမှာဆုံကြချိန်​မှာ​တော့ ​ကောင်​မ​လေးကို တူနဲ့ ရိုင်းစိုင်းကြမ်းကြုတ်​စွာ ထုရိုက်​ နှိပ်​စက်​ပြီး ၂ နာရီကြာ ပြင်းပြင်းထန်​ထန်​ သားမယားပြုကျင်​ခဲ့တာပါ။




ပြီး​နောက်​မှာ​တော့ ​ကောင်​မ​လေးကို ဆိုးဆိုးရွားရွား သတ်​ဖြတ်​ပစ်​ခဲ့ပြီး အ​လောင်းကိုပန်းခြံခုံတန်းမှာ ပစ်​ထားခဲ့ပါတယ်​။ အ​လောင်းကိုရှာ​ဖွေ​တွေ့ရှိချိန်​မှာ​တော့ ​ဦး​ခေါင်းခွံ​ကွဲအက်​​နေပြီး ဦး​နှောက်​တွင်းမှာပါ ဒဏ်​ရာဒဏ်​ချက်​များစွာဖြစ်​​နေသလို ​ကျောရိုးမကြီးပါစုတ်​ပြ​နေတာ ​စစ်​​ဆေး​တွေ့ရှိခဲ့ကြတာပါ။




ဒီလို ရက်​ရက်​စက်​စက်​ မုဒိမ်းကျင့်​လူသတ်​ခဲ့တဲ့ လူငယ်​ကို တရားရုံးက ​ထောင်​ဒဏ်​တစ်​သက်​တစ်​ကျွန်း ပြစ်​ဒဏ်​စီရင်​ခဲ့သလို မိန်းက​လေးရဲ့မိခင်​ဟာ တစ်​ဦးတည်း​သော သမီးဖြစ်​သူကို ​ကြေကွဲရင်နာ​ဖွယ်​ရာ ဖြစ်​ရပ်​ဆိုးကြီးနဲ့အတူ လက်​လွှတ်​ဆုံးရှုံးခဲ့ရတာ ဖြစ်​ပါတယ်​။


EFIL-AlinnMyay(အလင်းမြေ)