ကင်ဆာအကြိတ် ဒါဇင်နဲ့ချီရှိနေတဲ့ သနားစဖွယ်သမင်လေးကို တွေ့ရှိခဲ့တဲ့ အမျိုးသမီး

2019-08-10 18:16:29


ကင်ဆာအကြိတ် ဒါဇင်နဲ့ချီရှိနေတဲ့ သနားစဖွယ်သမင်လေးကို တွေ့ရှိခဲ့တဲ့ အမျိုးသမီး

အမေရိကန်၊ Pipestone,Minnesota မှာ နေထိုင်တဲ့ Julie Carrow အမည်ရ အမျိုးသမီးဟာ သနားစဖွယ်ကောင်းတဲ့ သမင်လေးတစ်ကောင်ကို ဓာတ်ပုံမှတ်တမ်း ရယူနိုင်ခဲ့ပါတယ်။ အဆိုပါ သမင်လေးဟာ အကြိတ်ပေါင်း ဒါဇင်နဲ့ချီရှိနေပြီး၊ ကင်ဆာအကြိတ်တွေလို့ ယူဆရပါတယ်။


အကြိတ်တွေဟာ မျက်နှာပေါ်မှာ အများဆုံးဖြစ်ပြီး၊ လည်ပင်း၊ ဝမ်းဗိုက်တို့မှာအထိ များပြားစွာ တွယ်ကပ်နေတာကို တွေ့ရပါတယ်။ ဓာတ်ပုံပိုင်ရှင် Julie က ” ကျွန်မအတွက်တော့ အတော်လေးကို ဝမ်းနည်းစရာပါ “လို့ ပြောပါတယ်။ Julie ဟာ သူနာပြုဆရာမတစ်ဦးဖြစ်ပြီး-




အခြားတစ်ဖက်မှာလည်း အလုပ်အားရင် ဓာတ်ပုံရိုက်လေ့ရှိတဲ့ ဝါသနာရှင်အဆင့် ဓာတ်ပုံဆရာမတစ်ဦးပါ။ သမင်လေးဟာ သူမရှိနေတဲ့ဘေးကနေ တစ်လှမ်းချင်း ဂရုကြီးစွာ လျှောက်သွားပါတယ်တဲ့။ မျက်လုံးတစ်ဖက်ကတော့ အကြိတ်နဲ့ ရောနေလို့ မြင်ရသလားဆိုတာ မသေချာပါဘူး။




Julie က Department of Natural Resources ဌာနကို ဆက်သွယ်မေးမြန်းခဲ့ရာ၊ အဆိုပါဌာနက ဒါဟာ ကင်ဆာရောဂါမဟုတ်ကြောင်း၊ အမြှီးဖြူသမင်တွေမှာ ဖြစ်လေ့ရှိတဲ့ Deer fibromatosis သမင်ကြွက်နို့ရောဂါဖြစ်ကြောင်း၊ ဒါပေမယ့် ဂရုတစိုက်မကုသရင် သေနိုင်ကြောင်း ဆိုပါတယ်။




တကယ်တော့ အခြားသမင်တွေမှာ ဖြစ်လည်း ခဏပဲဆိုပေမယ့်၊ ဒီသမင်လေးကတော့ နှစ်နဲ့ချီ ကြာနေပုံပါဘဲ။ ဖြစ်ရခြင်းအကြောင်းအရင်းကတော့ Papillomavirus (HPV )ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါလို့ သိရပါတယ်။ တစ်ချို့သမင်တွေကတော့ ခဏနဲ့ ပျောက်သွားတတ်ပါတယ်တဲ့။


လင်းဇော်ကို (D Nae Thit)


source : LadBible