ကျောင်းပျင်းပြီး အိပ်ဟန်ဆောင်နေတဲ့မြေးကို ရဲနဲ့ပေါင်း ပညာပေးလိုက်တဲ့ အဖွားရဲ့လုပ်ရပ်

2019-08-10 18:11:21


ကျောင်းပျင်းပြီး အိပ်ဟန်ဆောင်နေတဲ့မြေးကို ရဲနဲ့ပေါင်း ပညာပေးလိုက်တဲ့ အဖွားရဲ့လုပ်ရပ်

ထိုင်းနိုင်ငံက ကျောင်းသားလေးတစ်ယောက်ဟာ အတန်းစဉ်စာမေးပွဲ ဖြေရန်ရှိနေပါလျှက်၊ အိပ်ယာထဲမှာ အိပ်ချင်ယောင် ဆောင်နေလို့ အဖွားဖြစ်သူက ရဲကို ဖုန်းဆက်ခေါ်သည်အထိ ဖြစ်ခဲ့ရပါတယ်။ အဖွားဟာ မြေးဖြစ်သူကို ဂရုတစိုက်နဲ့ အကြိမ်ကြိမ် နှိုးပေမယ့်-


မြေးဖြစ်သူက အိပ်ယာကထဖို့ ငြင်းဆန်ခဲ့တာကြောင့် နောက်ဆုံး အဖွားဖြစ်သူက ရဲကိုဖုန်းဆက်ခေါ်သည်အထိ ဖြစ်ခဲ့ရပါတယ်။ မြေးဖြစ်သူကလည်း ဒီအခါကျမှ မြေးဖြစ်သူက အိပ်ယာကနေ လျှောလျှောလျှူလျှူ ထပါတော့တယ်။ ရဲတွေ ရောက်လာတာတောင် သူက တခေါခေါ အိပ်နေတုန်းပါ။




အဖွားဟာ ရဲစခန်းကို ဖုန်းဆက်ပြီး သူ့မြေးမှာ စာမေးပွဲရှိနေပေမယ့်၊ အိပ်ယာက မထချင်လို့ ခြိမ်းခြောက်ပြီး ကျောင်းကို ပို့ပေးဖို့အကြောင်း တောင်းပန်ခဲ့တာပါတဲ့။ ရဲတွေက သူ့ကို နှိုးနေမှန်းသိမှ မြေးဖြစ်သူဟာ ထိတ်ထိတ်ပြာပြာ ဖြစ်သွားပါတယ်။




နောက်ဆုံး ရဲကပဲ ဆိုင်ကယ်နဲ့ ကျောင်းကို ပို့ပေးခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ထိုင်းလူမှုကွန်ရက်မှာ ဟိုးလေးတကျော် ဖြစ်သွားပြီး၊ ပြန်လည်မျှဝေသူ ထောင်နဲ့ချီ ရှိနေပါတယ်။ ဒီအဖြစ်အပျက်မှာ ပါဝင်ပတ်သက်ူတွေရဲ့ နာမည်တွေကိုတော့ ဖော်ပြမထားပါဘူး။


လင်းဇော်ကို (D Nae Thit & D Nae Khit)


source : WorldOfBuzz