မန်ယူအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ဆိုးလ်ရှားကို အနိုင်ယူချင်တယ်လို့ ဆိုလိုက်တဲ့ လမ်းပတ်

2019-08-10 18:09:54


မန်ယူအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ဆိုးလ်ရှားကို အနိုင်ယူချင်တယ်လို့ ဆိုလိုက်တဲ့ လမ်းပတ်

လမ်းပတ်ဟာ အသင်းဟောင်း ချဲလ်ဆီးအသင်းမှာ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ပွဲစဉ် (၁) အဖွင့်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ ကစားရမှာပါ။


သူဟာ ကစားသမားဘ၀မှာ ခံစစ်မှူးအဖြစ်ကစားခဲ့စဉ်က ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မန်ယူတိုက်စစ်မှူးဟောင်း လက်ရှိမန်ယူနည်းပြနဲ့ ဆိုးလ်ရှားနဲ့ ရင်ဆိုင်ရမှာပါ။ လမ်းပတ်ကတော့ နည်းပြအနေနဲ့ ပြန်ပြီး ထိပ်တိုက်တွေ့မယ့် ပွဲစဉ်မှာ ဆိုးလ်ရှာကို အနိုင်ယူချင်တယ်လို့ ပြောခဲ့ပါတယ်။


လမ်းပတ်က “ကျွန်တော် မန်ယူအိမ်ကွင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရတာကို နှစ်သက်ပါတယ်။ ဒီပွဲစဉ်ဟာနှစ်သင်းစလုံးအတွက် ပွဲကြီးပွဲကောင်းပါ။ ကျွန်တော်တို့ နှစ်သင်းလုံးက ကြီးမားတဲ့ အောင်မြင်မှုတွေ အများကြီးရရှိထားတဲ့ အသင်းတွေပါ။ ကျွန်တော်တို့ကတော့ အနိုင်ရဖို့ မျှော်လင့်ပါတယ်။


သေချာတာပေါ့။ ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်မှာ ကစားချင်ပါတယ်။ ကျွန်တော်တို့ လက်တွေ့ကျရပါမယ်”လို့ ပြောသွားခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီက အသင်းရဲ့ နည်းပြဟောင်း ဆာရီလက်ထက်မှာ မန်စီးတီးအသင်းနဲ့ (၂၆) မှတ်အကွာ၊ လီဗာပူးလ်အသင်းနဲ့ (၂၅) မှတ်အကွာ၊ အဆင့် (၃) နေရာမှာ ရပ်တည်ခဲ့ပါတယ်။


နည်းပြသစ် လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့ ပိတ်ပင်ခံရသလို ဟာဇက်ကို ရီးရဲလ် အသင်းဆီ ရောင်းခဲ့တာမို့ သြဂုတ် (၁၁) ရက်နေ့၊ မန်ယူအသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ ဘယ်လို ပုံစံတွေနဲ့ ပွဲထွက်ကစားလာမလဲ၊ ဘယ်လို ကစားကွက် ခင်းလာမလဲ ဆိုတာက စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။


Ko Latt ( D Nae Thit )