မကြာခင်ကာလမှာပြင်းအား(၇) လောက်ရှိတဲ့ငလျှင်ကြီးလှုပ်နိုင်တဲ့ ငလျင်ပြတ်ရွေ့သစ် ထိုင်း-မြန်မာနယ်စပ် မှာတွေ့ရှိ

2019-08-10 18:08:42


မကြာခင်ကာလမှာပြင်းအား(၇) လောက်ရှိတဲ့ငလျှင်ကြီးလှုပ်နိုင်တဲ့ ငလျင်ပြတ်ရွေ့သစ် ထိုင်း-မြန်မာနယ်စပ် မှာတွေ့ရှိ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Wiang Haeng ဒေသဟာ နောင်လာမယ့် နှစ်(၅၀)အတွင်း ပြင်းအား(၆.၇)ရှိ ငလျှင်တခုလှုပ်ခတ်မယ့် ဗဟိုချက်မ ဖြစ်လာနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ်နားမှာ ရှင်သန်လှုပ်ရှားနေတဲ့ မြေအောက် ပြတ်ရွေ့ကြောကြီးတခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိ ခဲ့ပြီးနောက် ခုလို ထုတ်ဖေါ်ပြောဆို လိုက်တာဖြစ်ပါတယ်။


Wiang Haeng ဒေသမှာ ပြတ်ရွေ့ကြောသစ်တခု တွေ့ရှိထားကြောင်း ထိုင်းနိုင်ငံ တွင်းထွက်သယံဇာတ တူးဖေါ်ရေးဌာနက ကြေညာခဲ့ ပါတယ်။ ပြတ်ရွေ့ကြောကို Wiang Haeng လို့အမည်ပေးထားပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ၁၆ ခုမြောက်ရှာတွေ့တဲ့ ပြတ်ရွေ့ကြောလည်း ဖြစ်ပါတယ်။