မိသားစုဝင် ၇ ဦးလုံး သေဆုံးခဲ့ရတဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်

2019-08-10 18:02:24


မိသားစုဝင် ၇ ဦးလုံး သေဆုံးခဲ့ရတဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်

မိသားစုဝင် ၇ ဦးလုံး သေဆုံးခဲ့ရတဲ့ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသား တစ်ဦးက မြေပြိုစဉ် မိသားစုဝင်တွေ အားလုံးသေဆုံးခဲ့ရတဲ့ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်ကို ဘီဘီစီကို ခုလို ပြောပြထားပါတယ်။


သြဂုတ်လ ၉ ရက်နေ့က ဖြစ်ခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၂ ဦး ရှိသွားပြီဖြစ်ပါတယ်။


မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က သဲဖြူကုန်းကျေးရွာ ၊ တောင်ပြိုကျမှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၂၃ လောင်းအထိ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


တောင်မြေပြိုမှုမှာ အသက်ရှင်ရက် ပြန်တွေ့သူ ၂၉ ဦး ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။


သြဂုတ်လ ၉ ရက်နေ့မနက် ၆နာရီခွဲခန့်က စတင်ကာ တောင်မြေပြိုကျမှုကြောင့် ရန်ကုန် -မော်လမြိုင် ကားလမ်း ဘေးရှိ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်း၊ လူနေအိမ်အချို့၊ ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ အိမ်စီး မော်တော်ယာဉ် တို့ လွှင့်စင် မျောပါသွားပြီး တောင်မြေသားများ ဖုံးဖိသွားခဲ့တာဖြစ်ပါတယ်။




သဲဖြုကုန်းကျေးရွာ မြေပြိုမှု သေဆုံးသူ ၃၃ ဦးထိရှိလာ


မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၀ ရက်နေ့ ၃ နာရီ ၄၅ မိနစ် အချိန်အထိ ရုပ်အလောင်း ရှာဖွေတွေ့ရှိမှု အရ သေသူ အရေအတွက်က ၃၃ ဦး ထိ ရှိလာပါပြီ။