ဘုရားခိုးဖူးပြီး ဘုရာခိုးယူသူများအား ဖမ်းဆီးရမိ

2019-07-26 19:57:34


ဘုရားခိုးဖူးပြီး ဘုရာခိုးယူသူများအား ဖမ်းဆီးရမိ

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်​မြို့နယ်​၊ ​ဂွေးပင်​​ကျေးရွာအုပ်​စု ​ဂွေးပင်​ရွာမရပ်​ကွက်​၊ မဟာ​ဗောဓိ​ကျောင်းတိုက်​၌ဇူလိုင်​လ ၂၄ ရက်​​နေ့ ည ၈ နရီခန့်​က ဉာဏ်​​တော်​ ၂ ​ပေ ခွဲခန့်​ရှိ ​ရွှေချထား​သော ​ရှေး​ဟောင်း သစ်​သား တင်​ပလ္လင်​ခွေ ဆင်းတု့​တော်​ တစ်​ဆူ ခိုးယူ​နေစဉ်​ ဘုရားခိုးအဖွဲ့အား ဖမ်းဆီးရမိ​ကြောင်း ​ဂွေးပင်​နယ်​​မြေ ရဲစခန်းမှသိရသည်​။


၂၀၁၉ ဇူလိုင်​လ ၂၄ ရက်​​နေ့ည ၇ နာရီခန့်​က ​ကျောင်း တိုက်​ ဆွမ်းစာ​ဆောင်​​ရှေ့တွင်​ YNG/ 7D—–Crown အမျိးအစား စိမ်းပုတ်​​ရောင်​ယာဉ်​ဖြင့်​ ဘုန်းကြီးတစ်​ပါး၊အမျိုးသား ၂ ဦး၊အမျိုးသမီး တစ်​ဦး၊​ပေါင်း ၄ ဦး​ရောက်​ရှိ လာ၍ ည ၈ နာရီခန့်​တွင်​ ဘုန်းကြီးမှ ဆွမ်းစား​ကျောင်း​ပေါ်မှ ဘုရားဆင်​တု​တော်​အား သင်္ကန်းနှင့်​ထုပ်​ပြီး သယ်​ယူလာစဉ်​ ၊​ကျောင်​ရှိ ဦးပဉ္ဇင်း တစ်​ပါးမှ မြင်​သဖြင့်​ ” ဘုရားသူခိုး၊ဘုရားသူခိုး ” ဟု​အော်​ဟစ်​ရာ




ဘုန်းကြီးမှာ ကားလမ်းဘက်​သို့ ထွက်​​ပြေးသွား​၍ ၊ အမျိုးသား ၂ ဦး၊အမျိုးသမီးတစ်​ဦး ကျန်​ခဲ့၍ ယာ​ဉ်​​မောင်းဖြစ်​သူအား ​မေးမြန်းရာ၊ ယာဉ်​​မောင်း ​ကျော်​လှိုင်​ဦး​မှ​ပြောရာ၊ မနီနီဝင်းမှ ၎င်း၏ကားကို ပုဂံမှ ​ဂွေးချိုသို့ ​ငွေ ၆၅၀၀၀/ကျပ်​ဖြင့်​ ငှားရမ်းခဲ့၍ လိုက်​လာခဲ့ရာ မနီနီဝင်း၊ထွန်းပြည့်​နိုင်​ပါလာပြီး ၊မနီနီဝင်းမှ စွယ်​​ပေါက္ကံ ရွာ ဘုန်းကြီး​ကျောင်းသို့ ​မောင်းခိုင်းခဲ့ရာ ​ကျောင်းမုဒ်​ဦးမှ အသင့်​​စောင့်​​နေ​သောဘုန်းကြီး ဦး​ကောသလ္လ(ခ)ဦး​ကောအား​ခေါ်ခဲ့ပြီး ​ဂွေးပင်​​ကျောင်း ဆွမ်းစား​ဆောင်​ ဘက်​သို့ဘုန်းကြီးမှ ​မောင်းခိုင်းးခဲ့ပြီး၊ကားကို ရပ်​ခိုင်းခဲ့​ကြောင်း၊ ကား​ပေါ်တွင်


ဘုန်​ကြီး ဦး​ကောသလ္လတစ်​ပါးထည်း ကျန်​ခဲ့​ကြောင်း ၊ယာဉ်​​မောင်းမှာ မနီနီဝင်းတို့ ၂ ဦးနှင်​အတူ သွားပြီး​ဗောဓီ​ညောင်​ပင်​ကိုရှစ်​ခိုး၍ သုံး​ယောက်​သား ​ကျောင်း​ပေါ်တက်​ပြီး ​ကျောင်းထိုင်​ဆရာ​တော်​ ဦးဇနိန္ဒ အားဖူး​မျှော်​စကား​ပြောပြီး ၊ ယာဉ်​​မောင်းမှာ အ​ပေါ့သွားလို၍ ​ကျောင်း​ပေါ်မှ ​ကျေင်း​အောက်​သို့ဆင်းလာပြီး ကားနား​ရောက်​တွင်​ ဘုန်းကြီး ဦး​ကောသလ္လမှ ဘုရားတစ်​ဆူအား ဆွမ်းစား​ဆောင်​ ​ဘေး​ပေါက်​မှသယ်​လာပြီး ၎င်းအားကား​ပေါ်သို့တင်​ခိုင်းရာ ၎င်းကား​ပေါ်သို့မတင်​နိုင်​​ကြောင်း​ပြောဆို​ခဲ့ရာ ၊ ​ကျောင်းထိုင်​ဆရာ​တော်​ ​ကျောင်း​ပေါ်မှဆင်းလာစဉ်


ဘုန်းကြီး ဦး​ကောသလ္လမှမြင်​​တွေ့ရသဖြင့်​ ဆင်းတု​တော်​အား ဆွမ်းစား​ကျောင်း​ပေါ်သို့ ပြန်​လည်​သယ်​ယူလာစဉ်​ ” ဘုရားသူခိုး၊ဘုရားသူခိုး ” ဟု​အော်​သံကြား၍ ဆင်​တု​တော်​အားဆွမ်းစား​ကျောင်း​ပေါ်ထား၍ ထွက်​​ပြေးသွား​ကြောင်း၊ထိုအချိန်​တွင်​ မနီနီဝင်းနှင့်​ထွန်းပြည့်​နိုင်​တို့မှာ ​ကျောင်းမုဒ်​ဦးသို့ ထွက်​​ပြေးသွားခဲ့​ကြောင်း၊ယာဉ်​​မောင်းမှ​ပြောပြခဲ့သဖြင့်​၊ ​ကျောင်းထိုင်​ဆရာ​တော်​မှ ​ဂွေးပင်​နယ်​​မြေရဲစခန်း စခန်းမှူးရဲအုပ်​ ဝင်း​ရွှေအား ဖုန်းဆက်​ အ​ကြောင်းကြားရာ တပ်​ဖွဲ့ဝင်​များနှင့်​ ​ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးရာ နာရီပိုင်းအတွင်းဖမ်​ဆီးရမိခဲ့ပါသည်​။


ရွှေချထား​သော ဉာဏ်​​တော်​ ၂​ပေခွဲခန့်​ရှိ ဆင်းတု​တော်​အား​ငွေ​ကြေးရလိုမှု ဖြင့်​ခိုးယူခဲ့ကြ​သော ဦး​ကောသလ္လ(ခ) ဦး​ကော သက်​​တော်​ ၄၄ နှစ်​ ၂၄ဝါ စွယ်​​ပေါက္ကံ​ကျောင်း ​ချောက်​မြို့နယ်​၊ မနီနီဝင်း ၃၈နှစ်​(ဘ)ဦးမြင့်​သိန်းဒဂုံတက္ကသိုလ်​ရိပ်​မွန်​၊​မြောက်​ဒဂုံ၊ ထွန်းမြင့်​နိုင်​၂၀ နှစ်​ (ဘ)ဦးငြိမ်းဆင့်​ ပန်းချီ၊ မြင်းကဘာရွာ ပုဂံမြို့၊ ​ကျော်​လှိုင်​ဦး ၄၈ နှစ်​(ဘ)ဦး​မောင်း​အေး ယာဉ်​​မောင်း ​ကျော်​စွာရပ်​ကွက်​ ပုဂံမြို့သစ်​၊​ညောင်​ဥိီးမြို့​နေသူတို့ ဖြစ်သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ပြစ်မှုကျူးလွန်သူများကို ​ဂွေးပင်​နယ်​​မြေရဲစခန်​မှ (ပ)၂၅/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၈၀/ ၂၉၅/၁၁၄ ဖြင့်​ အမှုဖွင့်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။


ညီညီ(လှိုင်သာယာ) Real News Distribution Agency