ကျနော်ပြောလို့ ခင်ဗျားတို့တော့ ငြီးငွေ့နေတော့မှာပဲဆိုလာတဲ့ ကော်တင်ညိုစံချိန်နဲ့ ကပ်ကြီး ဟန်ဒို

2020-01-24 10:55:12


ကျနော်ပြောလို့ ခင်ဗျားတို့တော့ ငြီးငွေ့နေတော့မှာပဲဆိုလာတဲ့ ကော်တင်ညိုစံချိန်နဲ့ ကပ်ကြီး ဟန်ဒို

ကျနော်ပြောလို့ ခင်ဗျားတို့တော့ ငြီးငွေ့နေတော့မှာပဲဆိုလာတဲ့ ကော်တင်ညိုစံချိန်နဲ့ ကပ်ကြီး ဟန်ဒို


ဝုဗ်နဲ့ လီဗာပူးပွဲမှာ ကိုယ်တိုင်ဂိုးသွင်းနိုင်ပြီး အသင်းဖော် ဖာမင်နိုအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ပရိသတ်တွေက မဲပေးခြင်းကို ခံခဲ့ရပါတယ်။


ဟန်ဒိုဟာ ဒီရာသီ လီဗာပူးကွင်းလယ်မှာ အဓိက ထောက်တိုင်ဖြစ်ပြီး ယာဂင်ကလော့ပ် ပင်တိုင် အသုံးပြုနေရသူဖြစ်တယ်။ သူက လီဗာပူး ကစားသမားဘဝ ပထမဆုံးသော ခေါင်းတိုက်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာအတွက် ကျေးဇူးတင်စကားလည်း ပြောဆိုခဲ့ပါတယ်။


ဟန်ဒိုက ” ခင်ဗျားတို့သိလား ဒီပွဲက ခက်တယ်ဗျ။ ဝုဗ်က အသင်းကောင်းဖြစ်ပြီး ကျနေ်ာတို့ကို အလုပ်ပေးခဲ့တယ်။ တကယ်ကို ပြင်းထန်တဲ့ပွဲဖြစ်ပေမယ့် ကျနေ်ာတို့ ဆက်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ခံစစ်ကစားတာလည်း ကောင်းခဲ့တယ်။ ခံစစ်က ဗန်ဒိုက်က ကောင်းခဲ့ပြီး အယ်လီဆန်ကလည်း ကောင်းကောင်း ကာကွယ်ခဲ့ပါတယ်။


ကျနေ်ာတို့ အခွင့်အရေးတွေ ရခဲ့ပြီး အဲ့တာက ကျနေ်ာတို့ လုပ်လိုတာပါ။ ပွဲကို ပိုမြန်မြန် ကစားနိုင်ချင်ခဲ့တယ်။ ခေါင်းတိုက်ပြီးတော့ ဂိုးသွင်းတာက ကျနော်အတွက် ပထမဆုံးပါပဲ။ ထောင့်ကန်ဘော တင်တဲ့အချိန်မှာ ကျနော်က ဧရိယာထဲ ရှိနေခဲ့တယ်။ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတစ်ခုကို လုပ်နိုင်ခဲ့တာအတွက် ကျေးဇူးတင်ပါတယ် ” လို့ ပွဲအပြီး သတင်းသမားကို ပြောဆိုခဲ့တာဖြစ်တယ်။


ဟန်ဒါဆန်က ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို အနိုင်ဂိုးရှင် ဖာမင်နို ဂိုးရဖို့ ဘောလုံးလမ်းကြောင်း ခင်းပေးနိုင်ခဲ့သူပါ။ ဒါကြောင့်လည်း သူဟာ လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ်မှာ ဂိုးထောက်ပံ့မှု ၃၅ ကြိမ် လုပ်နိုင်ခဲ့ပြီး ဒါဟာ ကော်တင်ညို လုပ်နိုင်ခဲ့တဲ့ ဂိုးထောက်ပံ့မှုနဲ့ တူညီတဲ့ အရည်အတွက်ကို ရောက်ခဲ့ပြီဖြစ်ပါတယ်။


လီဗာပူးအသင်း အရံှူးမရှိ ဘောလုံးရာသီနဲ့ အမှတ်ပေးဖလား ကိုင်မြောက်နိုင်မလား မေးခွန်းကို ဟန်ဒိုကပဲ ” ကျနော် ဒါကိုပြောလို့ ခင်ဗျားတို့ ငြီးငွေ့ကောင်းတောင် ငြီးငွေ့နိုင်တယ် ဒါပေမယ့် ကျနေ်ာတို့ကတော့ နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်ပါတယ်။ ကျနော် ဆက်ပြီး ကြိုးစားလိုတယ်။ ဒီရာသီမှာ ပွဲတိုင်းက ကြီးကျယ်ပါတယ်။ သီတင်းပတ်အကုန်မှာ အက်ဖ်အေပွဲ ကစားရဖို့ရှိတယ်။ ကျနေ်ာတို့ ရထားတဲ့ ပုံစံကို ဆက်လက် ထိန်းသိမ်းနိုင်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။