ဗိုက်ထဲမှာ ဆွဲကြိုး (၆၉) ကုံး နာရီတစ်လုံးအပါအဝင် ရွှေထည်ပစ္စည်း အမျိုးပေါင်း ၂၀၀ မျိုချထားတဲ့ အမျိုးသမီး

2019-07-26 19:51:05


ဗိုက်ထဲမှာ ဆွဲကြိုး (၆၉) ကုံး နာရီတစ်လုံးအပါအဝင် ရွှေထည်ပစ္စည်း အမျိုးပေါင်း ၂၀၀ မျိုချထားတဲ့ အမျိုးသမီး

အလေးချိန် တစ်ကီလိုခွဲ ရှိ လက်ဝတ်ရတနာ ပစ္စည်းများကို မျိုထားသည့် အမျိုးသမီး


လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော်နေထိုင်နေတဲ့ အိန္ဒိယ နိုင်ငံမှာ ဆရာဝန်တွေ ခုလို ကြုံခဲ့ရတဲ့ လူနာသုံးဦးသာရှိပါတယ်။ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံနဲ့  ထိစပ်နေတဲ့ Bengal ဒေသမှာ နေထိုင်နေသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးရဲ့  အကင့်ဆန်းက လက်ဝတ်ရတနာတွေမြင်ရင် မျိုချချင် တဲ့ စရိုက်ဖြစ်ပါတယ်။




သူမဗိုက်အောင့်လာလို့  ဆေးရုံပြ ပြီး ဓါတ်မှန်ရိုက်ကြည့်မှ သူမဗိုက်ထဲမှာ ၁.၅ ကီလိုအလေးချိန်ရှိ လက်ဝတ်ရတနာတွေ ကိုမျိုထားတယ်ဆိုတာ သိခဲ့ပါတော့တယ်။


ဆရာဝန်တွေတွေဟာ ခွဲစိတ်ပေးဘို့  ရက်သတ္တပတ်ကြာအချိန်ယူခဲ့ပြီးမှ အချိန် တစ်နာရီကျော် ကြာခွဲစိတ်ပေးခဲ့ရပါတယ်။


သူမမျိုထားတဲ့ အရာတွေမှာ နားကပ်ပုံစံမျိုးစုံ အရံ ၈၀


ဒင်္ဂါးပြား ၄၆ ပြား


နှာခေါင်းထိပ်မှာတတ်တဲ့ကွင်း ၁၁ ကွင်း




ဆွဲကြိုး ၆၉ ကုန်း သော့လေးချောင်း နဲ့ နာရီတစ်လုံးအပြင် လော့ကက်သီး ရှစ်လုံး စုစုပေါင်း အမျိုးပေါင်း ၂၀၀ ဗိုက်ထဲက ထုတ်ပေးခဲ့ရပါတယ်။


ခွဲစိတ်အပြီး သူမကျန်းမာရေးဟာ ပုံမှန်ရှိနေတယ်လို့  သိရပါတယ်။




သူမလို လက်ဝတ်ရတနာတွေမျိုထားတဲ့ လူနာမျိုး ကို ၂၀၁၈ ခုနှစ်က ဂူဂျာရပ်ပြည်နယ်က အမျိုးသမီးတဦးနဲ့ ရာဂျစ်စတန်ပြည်နယ်က အမျိသားတစ်ဦး (၂၀၁၉ မေလ) ကိုခွဲစိတ်ပေးခဲ့ရဘူးပါတယ်။


SAW မူရင်း ndtv.com