သွားဖုံးသွေးထွက်ခြင်းကိုကုသဖို့ အကောင်းဆုံး နည်းလမ်း ( ၁၀ ) ခု

2020-01-21 11:34:07


သွားဖုံးသွေးထွက်ခြင်းကိုကုသဖို့ အကောင်းဆုံး နည်းလမ်း ( ၁၀ ) ခု

သွားဖုံးသွေးထွက်ခြင်းကိုကုသဖို့ အကောင်းဆုံး နည်းလမ်း ( ၁၀ ) ခု

လူပေါင်းသန်း၆၀၀လောက်ကသွားဖုံးပြဿနာကိုကြုံဖူးကြတာပါပဲ။သတင်းကောင်းကတော့အများစုကိုအိမ်မှာကုလို့ရတာပါပဲ။ပြီးတော့သွားဖုံးသွေးထွက်ခြင်းဆိုတာရောဂါအများစုရဲ့အစဖြစ်နေတတ်ပါတယ်

၁။ဂွမ်းစကိုသုံးခြင်း

တခြားသွေးထွက်ခြင်းတွေလိုပဲဂွမ်းစကိုယူပြီးသွေးထွက်တဲ့နေရာကိုသွေးတိတ်အောင်ဖိပေးပါ။ဒါပေမယ့်သွားဖုံးကအမြဲသွေးထွက်နေကျဆိုရင်တော့သွားဆရာဝန်ဆီသွားသင့်ပါတယ်။

၂။နာကျင်မှုကိုသက်သာဖို့နဲ့သွေးထွက်နညး်စေဖို့အေးတာလေးနဲ့ဖိထားပါ

အေးတာတခုခုသို့မဟုတ်ရေခဲနဲ့ဖိခြင်းကသွေးထွက်ခြင်းကိုရပ်စေပါတယ်။သွေးမတိတ်မချင်းဖိထားပေးပါ။၁၀မိနစ်လောက်ကြာလို့မှသွေးမတိတ်ဘူးဆိုရင်တော့ဆရာဝန်ခေါ်ရတော့မှာပါ။
နာကျင်မှုသက်သာချင်ရင်နောက်မှနွေးတာလေးနဲ့ပြန်ဖိပါ။ဒါပေမယ့်ရောင်ရမ်းပြီး၁မိနစ်လောက်ကြာမှလုပ်ပါ။

၃။ဆားရည်နဲ့ပလုတ်ကျင်းပါ

ရေကျက်အေးတခွက်နဲ့ဆားကိုရောပြီးဆားပျော်တဲ့အထိမွှေပါ။ပါးစပ်ထဲမှာစက္ကန့်၃၀လောက်ငုံပြီးထွေးထုတ်ပါ။၄ကြိမ်၅ကြိမ်လောက်အဲလိုလုပ်ပါ။ပြီးတော့အိပ်ရာထပြီးနဲ့အိပ်ရာမဝင်ခင်တနေ့၂ကြိမ်လုပ်ပါ။ဆားရည်ကသွားဖုံးထိခိုက်မှုနည်းပြီးသွေးထွက်တာအတွက်လဲအထောက်အကူဖြစ်ပါတယ်။ပါးစပ်ထဲမှာအယ်ကာလိုင်းတွေများသွားအောင်လုပ်လိုက်လို့ဘက်တီးရီးယားတွေပေါက်ဖို့လဲခက်ခဲသွားပါတယ်။

၄။ခံတွင်းဆေးရည်ကိုသုံးကြည့်ပါ

ခံတွင်းဆေးရည်ဆိုတာကသွားဖုံးကိုသေချာစွာသန့်ရှင်းနိုင်ရန်ရေထည့်လို့ရတဲ့ပစ္စည်းတခုပါ။ဘက်တီးရီးယားတွေကိုတားဆီးနိုင်ဖို့အတွက်လဲသုံးလို့ရပါတယ်။သွားဖုံးကိုသန့်အောင်ထားတာကသွားဖုံးသွေးထွက်တဲ့အခွင့်အရေးနည်းစေပါတယ်။

၅။အရက်မပါတဲ့ပလုတ်ကျင်းရည်ကိုသုံးပါ

သွားဖုံးယောင်တာလျော့ဖို့အတွက်ပလုတ်ကျင်းရည်သုံးတာအကောင်းဆုံးဖြစ်ပြီးပါးစပ်ထဲကဘက်တီးရီးယားတွေကိုလဲလျော့စေပါတယ်။

၆။လက်ဖက်ရည်အိတ်ကိုသုံးပါ

ရေနွေးထဲကိုလက်ဖက်ရည်အိတ်ထည့်ပြီး ၂မိနစ်လောက်ထားပါ။ပြီးရင်ဖယ်ပြီးအအေးခံပါ။သင့်သွားဖုံးကသွေးထွက်တဲ့နေရာကိုဖိပေးပါ။၅မိနစ်လောက်ထားပါ။လက်ဖက်ရည်ထဲမှာသွားဖုံးကူးစက်မှုကိုသက်သာစေတဲ့တန်နစ်အက်ဆစ်ပါပါတယ်။

၇။ကျွတ်တဲ့ဟင်းသီးဟင်းရွက်တွေစားပါ။

မုန်လာဥနီလိုမျိုးအရာကိုအစားမစားခင်စားတာကသွားကြားညပ်တာကိုလျော့စေပြီးသွားဖုံးရောဂါကိုတားဆီးပေးပါတယ်။တံတွေးပုံမှန်ထွက်ဖို့ကိုကူညီပြီးပါးစပ်ကိုသန့်ရှင်းစေလို့ပါ။အဲဒါအပြင်သကြားပမာဏနည်းပြီးသွားပျက်စီးခြင်းလဲမဖြစ်စေပါဘူး။

၈။အစိမ်းရောင်အရွက်များတဲ့အစားတွေပိုစားပါ။

ဗီတာမင်ကေမရှိခြင်းကသင့်သွေးတွေကိုခဲဖို့ကြာစေပါတယ်။ဒါကြောင့်သွားဖုံးကသွေးထွက်ပြီးရင်တိတ်ဖို့ကြာတာပါ။ဟင်းနုနွယ်ရွက်နဲ့ဆလပ်ရွက်ကဲ့သို့အစိမ်းရောင်အရွက်တွေကဗီတာမင်ကေအတွက်အကောင်းဆုံးပါပဲ။အဲဒါတွေကိုထည့်စားရင်အကျိုးရှိမှာပါ။

၉။ချာမိုမိုင်းလက်ဖက်ရည်ကိုသင့်ပါးစပ်တဝိုက်သုတ်ပါ။

ရေတခွက်ကိုဆူအောင်လုပ်ပြီးချာမိုမိုင်းလက်ဖက်ရည်အိတ်ကိုအဲဒီထဲထည့်ပါ။ငါးမိနစ်လောက်ထားပြီးရင်အအေးခံပါ။အေးသွားရင်ပါးစပ်တဝိုက်ကိုသုတ်ပြီးသောက်ပါ။၎င်းမှာရောင်ရမ်းမှုသက်သာတဲ့အပြင်ကြွက်သားကိုပြေလျော့စေတဲ့သတ္တိရှိပါတယ်။ချာမိုမိုင်းကအစာအိမ်ကိုရှင်းစေပြီးသွားဖုံးရောင်တာလဲသက်သာပါတယ်။

၁၀။ပျားရည်သုတ်ပါ။

သင့်ပါးစပ်ကိုရေကျက်အေးနဲ့ဆေးပြီးမနက်တိုင်းဆယ်မိနစ်ခန့်ပျားရည်ကိုသွားဖုံးမှာသုတ်ပါ။ပျားရည်မှာကသဘာဝအတိုင်းပိုးသတ်နိုင်တဲ့ဘက်တီးရီးယားတွေပါပါတယ်။ဒါပေမယ့်ပျားရည်ကိုသွားမှာမဟုတ်ဘဲသွားဖုံးကိုသုတ်ပါ။အထူးသဖြင်သင့်မှာသွားပိုးပေါက်ရှိရင်နာကျင်နိုင်လို့ပါ။

Crd# Writer -Min Thu ( XYZ NEWS )