ဆေးလိပ်သောက်ခြင်းထက်ပိုပြီး ကျန်မာရေးထိခိုက်စေတဲ့ အစားအသောက် ( ၈ ) မျိုး

2020-01-21 11:32:37


ဆေးလိပ်သောက်ခြင်းထက်ပိုပြီး ကျန်မာရေးထိခိုက်စေတဲ့ အစားအသောက် ( ၈ ) မျိုး

ဆေးလိပ်သောက်ခြင်းထက်ပိုပြီး ကျန်မာရေးထိခိုက်စေတဲ့ အစားအသောက် ( ၈ ) မျိုး

မမျှတတဲ့အစားအသောက်တွေကယနေ့ခေတ်မှာဆေးရွက်ကြီးထက်တောင်လူကိုပိုသတ်နိုင်ပါတယ်။သိပ္ပံပညာရှင်တွေကအရေးကြီးတဲ့အာဟာရဓာတ်မပြည့်ဝခြင်းကသင့်ကျန်းမာရေးကိုဒုက္ခပေးနိုင်တယ်လို့တွေ့ရှိခဲ့ပါတယ်။ဒါပေမယ့်အစားအသောက်ထဲမှာအကျိုးရှိတာတွေပါတယ်လို့ခေါ်ကြတဲ့အရာတွေကလဲကိုယ်ကိုပျက်စီးစေနိုင်ပါတယ်။အဲဒီထဲမှာပုံမှန်အအေးတွေနဲ့ယှဉ်ရင်ကျန်းမာတယ်လို့ထင်ရတဲ့လတ်ဆတ်တဲ့အသီးဖျော်ရည်တွေကဆီးချိုဖြစ်ဖို့ပိုနီးတာတွေလဲရှိပါတယ်။

BrightSideကဘယ်အစားအသောက်တွေကဆေးလိပ်သောက်ခြင်းလိုပဲလူကိုတဖြည်းဖြည်းသတ်လဲဆိုတာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။

၁။လတ်ဆတ်တဲ့အသီးဖျော်ရည်

သစ်သီးတွေကိုအာဟာရအတွက်ကောင်းတယ်လို့သတ်မှတိကြတဲ့အတွက်လတ်ဆတ်တဲ့ဖျော်ရည်ကိုနေ့စဉ်အစားအစာထဲမှာထည့်တာအလွယ်ဆုံးပါပဲ။ဒါပေမယ့်အရည်ပုံစံလုပ်လိုက်တဲ့အခါမှာအဝလွန်ခြင်း၊နှလုံးရောဂါနဲ့ဆီးချိုရောဂါကိုတားဆီးပေးတဲ့နေရာမှာအသုံးဝင်တဲ့အမျှင်ဓာတ်စတဲ့ကျန်းမာစေတဲ့အရာကိုဆုံးရှံူးသွားစေပါတယ်။ ထပ်ပြောရရင်အသီးဖျော်ရည်အလွန်သောက်ခြင်းကသူတို့မှာပါတဲ့သကြားပမာဏအလွန်များတဲ့အတွက်ကျန်းမာရေးပြဿနာတွေကိုတကယ်ဖြစ်စေပါတယ်။တကယ်တော့အသီးဖျော်ရည်တချို့မှာပါတဲ့သကြားပမာဏကcokeတပုံးလောက်နဲ့ညီမျှနေပါတယ်။

ဖျော်ရည်သောက်မယ့်အစားအသီးကိုသာတလံလုံးစားရန်ထောက်ခံကြပါတယ်။အသီးတလုံးကသင့်ကိုဗိုက်ပြည့်စေသလိုချိုတဲ့အရသာနဲ့စိတ်ကျေနပ်အောင်လုပ်ပေးနိုင်ပါတယ်။ဖျော်ရည်ဖျော်မယ်ဆိုရင်အသီးလဲပိုလိုပါတယ်။

၂။မုန့်အချောင်း

အာဟာရတွေပြည့်ဝပေမယ့်လဲတချို့မုန့်ချောင်းတွေမှာသကြားပါဝင်မှုအရမ်​းများပါတယ်။အာဟာရအချက်အလက်များအရလူကြိုက်များတဲ့မုန့်ချောင်းတွေမှာတခုကို၁၅ကနေ၃၀ဂရမ်အထိသကြားပါပါတယ်။တဖက်မှာတော့သေချာရွေးပြီးစားမယ်ဆိုရင်တော့မုန့်ချောင်းတွေကအဆာပြေသလိုအာဟာရတွေအများအပြားပါလို့အလွန်အကျွံလဲမစားမိစေပါဘူး။ပြည့်စုံတဲ့မုန့်ချောင်းတချောင်းတွင်အမျှင်ဓာတ်၃ဂရမ်၊ပရိုတင်း၅ဂရမ်နဲ့သကြားက၁၀ဂရမ်ထက်နည်းပါတယ်။

၃။ဆူရှီ

ဆူရှိီကိုယ်တိုင်ကတော့အန္တရာယ်မရှိပါဘူး။ဒါပေမယ့်ဆူရှီထဲထည့်တဲ့အမျိုးမျိုးသောပါဝင်ပစ္စည်းတွေကအဓိကပြဿနာပါ။ယနေ့ခေတ်မှာဆိုရင်ခရင်ချိစ်၊မရောနိစ်၊ဆော့စ်နဲ့ဆူရှီရဲ့အာဟာရပါဝင်မှုနှုန်းများအောင်ထည့်ထားတဲ့အရာတွေအပြင်နေ့စဉ်ကယ်လိုရီလိုအပ်ချက်ကိုပြည့်အောင်ထည့်ထားတဲ့အရာတွေပါဝင်နေလို့ပါ။ဒီလိုအလေးချိန်ပြဿနာတွေမဖြစ်အောင်လို့ရိုးရှင်းတဲ့ဆော်လမွန်ငါးထည့်တာဖြစ်ဖြစ်ငါးအသားလွှာနဲ့စားတာဖြစ်ဖြစ်လုပ်ပါ။

၄။မွေးမြူရေးငါး

အခုပြဿနာကလဲဆူရှီနဲ့အတူတူပါပဲ။ငါးမှာကတော့အိုမီဂါ၃မြင့်မားစွာပါဝင်လို့နှလုံးရောဂါနဲ့နှလုံးဖောက်ခြင်းတွေကိုလျော့ကျစေပါတယ်။ဒါပေမယ့်အဲဒါတွေကငါးဘာစားလဲဆိုတာပေါ်မှာမူတည်ပြီးပါတာပါ။ကံမကောင်းစွာဖြင့်စူပါမားကတ်မှာဝယ်တဲ့ငါးတွေကသမုဒ္ဒရာကလာတာမဟုတ်ပဲမွေးမြူရေးခြံကလာတာပါ။ဒါကြောင့်ကျန်းမာတဲ့အာဟာရတွေကိုလျော့စေတဲ့အပြင်သူတို့ကိုမြန်မြန်ကြီးအောင်ကျွေးတဲ့ဓာတုပစ္စည်းတွေပါပါဝင်နေတာပါပဲ။

သင့်မြို့ကလတ်ဆတ်တဲ့ငါးတွေရနိုင်တဲ့နေရာကိုရှာပြီးထုတ်ပိုးထားတဲ့ဆူရှီထဲမှာပါတဲ့ငါးကဘယ်ကရလဲဆိုတာလဲမေးဖို့တွေဝေမနေပါနဲ့။

၅။အဆီမပါတဲ့အစားအစာ

ပြီးခဲ့တဲ့ရာစုနှစ်တွေကအဆီမပါတဲ့အစားအသောက်တွေပေါ်ခဲ့ပါတယ်။ထုတ်လုပ်သူတွေကျန်းမာစေတဲ့အဆီတွေကိုထုတ်ကုန်ပိုခံစေတဲ့သကြားတွေနဲ့အစားထိုးထားတယ်ဆိုတာအာဟာရပညာရှင်တွေမသိခင်အထိပေါ့။ဒါကြောင့်ကျန်းမာတယ်လို့ထင်ရတဲ့မုန့်ကိုစားမယ့်အစားပုံမှန်သကြားကိုသာစားလိုက်ပါတော့။အခုဆိုရင်ကျွမ်းကျင်သူတွေကဒိန်ခဲနဲ့ဂရိ်ဒိန်ချဉ်ကဲ့သို့အသင့်စားသကြားတွေမပါဘဲသဘာဝကျန်းမာစေတဲ့အဆီတွေပါတဲ့နေ့စဉ်အစားအသောက်တွေစားဖို့ထောက်ခံကြပါတယ်။

၆။ကောက်ပဲသီးနှံများ

ကျန်းမာပြီးအာဟာရပြည့်တဲ့မနက်စာအတွက်ကောက်ပဲသီးနှံတွေကအကောင်းဆုံးလို့စဉ်းစားကြပါတယ်၊ဒါပေမယ့်သီးနှံအားလုံးကအကျိုးတွေမတူကြပါဘူး။သူတို့အများစုကပြန်ပြင်ထားတဲ့အစေ့အဆံတွေနဲ့လုပ်တာပါ။ဒီလိုလုပ်နေတဲ့အချိန်မှာသင့်ကိုဗိုက်ပြည့်စေတဲ့အမျှင်ဓာတ်နဲ့တခြားအာဟာရဓာတ်တွေကိုကောက်ပဲသီးနှံကဆုံးရှံူးလိုက်ရပါပြီ။ကောက်ပဲသီးနှံမှာထည့်ထားတဲ့သကြားတွေကအရသာပိုကောင်းဖို့နဲ့ကလေးတွေကိုပိုဆွဲဆောင်မှုရှိစေဖို့လုပ်ထားတာပါ။

သကြားပါဝင်မှုများလာတာနဲ့ဆီးချို၊နှလုံးရောဂါနဲ့အဝလွန်ခြင်းတွေပိုများလာတာပါပဲ။ကောက်ပဲသီးနှံအစားခယထမင်းအပြည့်စားတာကမှသင့်ကိူစွမ်းအင်ပြည့်စေဖို့အမျှင်ဓာတ်အပြည့်အဝရစေမှာပါ။

၇။ပေါင်မုန့်အဖြူ

ပေါင်မုန့်ဖြူဆိုတာကကျန်းမာတဲ့အာဟာရနဲ့အမျှင်တွေမပါတဲ့ဂျုံနဲ့ပြန်လုပ်ထားတာပါ။အမျှင်ဓာတ်ကအလေးချိန်ထိန်းပေးခြင်း၊သွေးဖိအားကောင်းခြင်း၊ဆီးချိုအန္တရာယ်လျော့ခြင်းနဲ့နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေအတွက်ကောင်းပါတယ်။အဲဒါမပါတဲ့ပေါင်မုန့်ဖြူဖြစ်တဲ့အတွက်ဒီပြဿနာတွေကိုရင်ဆိုင်ရတော့မှာပါ။

အစေ့အဆံတွေကကျန်းမာရေးအတွက်ကောင်းသလိုလေ့လာချက်တွေကနေ့စဉ်စားလျှင်အပေါ်မှာဖော်ပြထားတဲ့ရောဂါအန္တရာယ်တွေကိုလျော့စေတယ်လို့ဖော်ပြထားပါတယ်။

၈။ပဲငါးပိ

ပဲငါးပိတွေကဂေဟာစနစ်အရဆိုရင်တော့ကျန်းမာရေးအတွက်အန္တရာယ်များပါတယ်။ပဲငါးပိဖြစ်မယ့်အပင်တွေကမြေဆီလွှာကအာဟာရဓာတ်တွေကိုစုပ်ပြီးပေါက်တာဖြစ်လို့ဖျက်ဆီးတဲ့အပင်လို့ပြောကြပါတယ်။အဲဒါအပြင်ပဲငါးပိတော်တော်များများကပုံမှန်ရမယ့်အာဟာရတွေမပါတဲ့လူလုပ်အရာတွေများပါတယ်။

ပဲငါးပိရဲ့နောက်ပြဿနာတခုကတော့သင့်ရဲ့ရာသီစက်ဝန်းကိုထိခိုက်စေတဲ့အပင်ရဲ့အက်စ်ထရိုဂျင်နဲ့အိုင်ဆိုဖလာဗုန်းပါဝင်နေတာပါပဲ။အဲဒါကြောင့်ပဲသင့်ရဲ့ကိုယ်အလေးချိန်ရုတ်တရတ်ကျခြင်း၊ချွေးထွက်ခြင်းနဲ့လည်ပင်းနာခြင်းတွေဖြစ်စေမယ့်သိုင်းရွိုက်ဟော်မုန်းတွေများအောင်လုပ်ပေးနေပါတယ်။

Crd# Writer -Min Thu ( XYZ NWES )