ယောက်ျားတွေ မသိသေးတဲ့ မိန်းမတိုင်းရဲ့ စိတ်အဝင်စားဆုံး လိင်ကိစ္စတခု

2019-08-09 10:39:59


ယောက်ျားတွေ မသိသေးတဲ့ မိန်းမတိုင်းရဲ့ စိတ်အဝင်စားဆုံး လိင်ကိစ္စတခု

ယောက်ျားတွေ မသိသေးတဲ့ မိန်းမတိုင်းရဲ့ စိတ်အဝင်စားဆုံး လိင်ကိစ္စတခု

သင်မသိသေးတဲ့ အမျိုးသမီးတွေရဲ့ လိင် မှုရေးရာကို လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်လိုက်ပြန်ပါပြီ ။ အမျိုးသားများအတွက် စိုးရိမ်စရာကောင်းတဲ့ သတင်းတစ်ပုဒ် ဖြစ်ပါတယ် ။ လေ့လာမှုအရ အမျိုးသမီးအများစုဟာ လိင် နှစ်မျိုးလုံးကို စိတ်ဝင်စားတက်သူ(bisexual) ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် လိင်တူခြင်းသာ စိတ်ဝင်စားကြသူတွေ ဖြစ်တယ် ဆိုတဲ့ သတင်းပါပဲ …။

 


ဒါပေမယ့် ဆန့်ကျင်ဘက်လိင် တစ်မျိုးတည်း အပေါ်ကိုသာ စိတ်ဝင်စားတဲ့ အမျိုးသမီးကတော့ အတော်ာလေးကို ရှားပါးတယ်လို့ လေ့လာချက်က ဖော်ထုတ်လိုက်ပါပြီ ။ စစ်တမ်းထဲမှာ ကိုယ့်ကိုကိုယ် ဆန့်ကျင်ဘက် လိင်ကိုသာ စိတ်ဝင်စားပါတယ်လို့ ဖြေဆိုထားသူ အမျိုးသမီးတွေကိုယ်တိုင် အမျိုးသမီးတစ်ဦးရဲ့ အဝတ်မပါ ခန္ဓာကိုယ်ကို မြင်လိုက်ရင် ရင်လှိုက်ဖိုသွားလေ့ ရှိတယ်လို့ ဝန်ခံထားကြပါတယ် …။


Essex တက္ကသိုလ်ရဲ့ စိတ်ပညာဌာနက ဒေါက်တာရီဂျားက ဒါကို ဦးဆောင် လေ့လာခဲ့သူပါ ။ အမျိုးသမီး ၃၄၅ ဦးကို ခေါ်ယူလေ့လာတာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အဝတ်မပါတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ခိုင်းပါတယ် ။ အဲဒီအခါ ၈၂ ရာခိုင်နှုန်းသော အမျိုးသမီးတွေက အမျိုးသား ၊ အမျိုးသမီးမရွေး အဝတ်မပါတဲ့သူကို တွေ့လိုက်တာနဲ့ စိတ်လှုပ်ရှား သွားကြပါတယ် ။ သူတို့ရဲ့ မျက်လုံး သူငယ်အိမ် ကျဉ်းသွားတာ ၊ ကျယ်သွားတာကို ကြည့်ပြီး စိတ်လှုပ်ရှားမှု ဖြစ်မဖြစ်ကို ဆုံးဖြတ်တာပါ …။


လိင်တူ နှစ်သက်သူပါလို့ ဝန်ခံထားကြတဲ့ အမျိုးသမီးတွေကို လေလ့ာရာမှာတော့ ဆန့်ကျင်ဘက် အမျိုးသမီးတွေကို တွေ့တဲ့အခါ တု့န်ပြန်မှုက အမျိုးသားတွေ အတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ် ။ ဒီလေ့လာချက်အရ အမျိုးသမီးတွေရဲ့ လူမြင်ကွင်းမှာ အပေါ်ယံနေထိုင်မှုကို ကြည့်ပြီး သူတို့ရဲ့ လိင်မှုဘဝကို မဆုံးဖြတ်နိုင်ပါဘူးလို့ ဒေါက်တာ ရီဂျားက သုံးသပ်ထားပါ တယ် …။ ။


Credit :Original Uploader