မိတ်ဆွေများအားလုံးအတွက် ဇန်နဝါရီလ (၁၆)ရက်မှ ၊ (၂၃)ရက်အတွင်း (၁)ပတ်စာ ဟောစာတမ်း

2020-01-15 23:17:59


မိတ်ဆွေများအားလုံးအတွက် ဇန်နဝါရီလ (၁၆)ရက်မှ ၊ (၂၃)ရက်အတွင်း (၁)ပတ်စာ ဟောစာတမ်း

မိတ်ဆွေများအားလုံးအတွက် ဇန်နဝါရီလ (၁၆)ရက်မှ ၊ (၂၃)ရက်အတွင်း (၁)ပတ်စာ ဟောစာတမ်း


တနင်္ဂနွေ


(၂) ရက်အတွင်း အထင်လွဲစွပ်စွဲခံရတာ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်။ နေရာထိုင်ခင်း အဆောက်အဦးကိစ္စများ မတင်မကျဖြစ်နေအံ့။ တစ် ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်။ အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။ နာမည်ကြီး ထမင်းငတ်ဖြစ်နေအံ့ အကြောင်းကိစ္စ မယ်မယ်ရရမရှိပဲ ဝိတ်လေဝိတ်မောနေရအံ့။ စိတ်လေပြီး ဆုံးဖြတ်ချက်အမှားများချမိတတ်။ အကောင်းအဆိုး တေ့လွဲ လွဲချော်တတ်။ အများနဲ့တစ်ဧယက် အခန့်မသင့်ဖြစ်အံ့။ အိမ်ကိစ္စ ၊နေရာထိုင်ခြင်းကိစ္စ အရာမထင်ဘဲအချိန်ကုန်သွားတတ်ပါတယ်။ မိမိကြံစည်ထားသလိုမဖြစ်ဘဲနှောင့်နှေးမှုများဖြစ်တတ်တယ်။ မိမိလုပ်နေသော အလုပ်တွင်လည်း စိတ်ညစ်စရာများကြုံတတ်တယ်။ စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့် ၊ မိခင်ရဲ့ကျန်းမာရေးအထူးဂရုစိုက်သင့်။တနင်္လာနံ လုပ်ငန်းများ ၊နေ့သားများ အရှုတည်တည် ၊ အဖြူရောင် ၊ ငွေရောင် အထူးအကျိုးပေးအံ့ သောကြာနံ လုပ်ငန်းများ ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့


အထူးသတိပြုရန် – မည်သည် လုပ်ဆောင်မှုများကိုမဆို သေချာစွာ တိတိကျကျလုပ်ဆောင်ဖို့လိုပါတယ်။



ငွေကြေးကိစ္စ၊ အကြွေးကိစ္စ စကားများ ငြင်းခုန်ရတတ်ပါတယ်။


မိမိအိမ်ခြေရင်းတွင် အသုဘ ပေါ်ခဲ့လျှင် (၅)အဝ (၇)အဆုံး ထိထိုးပါ။ အက္ခရာမလိုပေ။


အချစ်ရေးဘေးလူတွေ ကြားဝင်ညှိုးထိုးမှုကြောင့် လမ်းခွဲရတတ်လို့ သတိပြုပါ။ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးနေဖို့ ၊ အရေးကြီးရင်သွေးနီးနေဖို့ လိုပါတယ်။ အိမ်ထောင်ရှိ သူများ အိမ်ထောင်ရေး တကျက်ကျက်ဖြစ်လေ စီးပွားတက်လာဘ်ပွင့်လေဖြစ်နေမည်။


ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းဝေဖို့ လမ်းပေါ်တွင် တောင်းရမ်းနေသူတစ်ဦးအားဆပ်ပြာအကြမ်းခဲ လှူဒါန်းရင်း ဆုတောင်းပါလေ။


တနင်္လာ


မြင်သိမြင် 0 ဇန်နဝါရီလ (၁၆) ရက်မှ(၂၃) ရက်အတွင်း ဘုရားဖူး ပျော်ပွဲစားခရီးများသွားဖို့ အကြောင်းတွေပေါ်လာအံ့။ သတင်းကောင်းများကြားရအံ့။ ဝမ်းသာစရာ ဧည်သည်များတွေ့ရအံ့။ ပျော်ရွှင်ကြည်နူးစရာများအပြည်အဝရရှိခံစားရမယ့်အချိန်ကာလပါပဲ။ မိမိရုံစိတ်ဓာတ်တက်ကြွနေခြင်းများကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေခြင်းများကြုံပါမယ်။ ရပ်ဝေးမှ ဆွေမျိုး တစ်ဦးသင့်ထံသို့ ရောက်လာပြီး အကူအညီတောင်းခြင်းကြုံတတ်ပါတယ်။ ထိပေါက်တတ်။ သို့မဟုတ် ငွေအစုလိုက်အပုံလိုက်ဝင်လာတယ် ။ အမွေ ရတတ် ။သတင်းကောင်းများလည်း ကြားရတတ် ။ မိမိ၏အလုပ်ကိုအကြောင်းပြု၍သော် လည်းကောင်း၊ ထိပေါက်၍လည်းကောင်း ဝင်လာတတ်။ အောက်လက်ငယ်သားအတွက် စိတ်ပူရတတ်။ စိတ်ညစ်ရမယ်လည်သည်များ မကြာခဏတွေ့ရအံ့ နာမည်ဂုဏ် သတင်းတက်စရာတွေ ကြုံမယ်။ ရာထူးနေရာ အခွင့်အရေးတွေ ကြုံရတတ်ပါတယ်။ အလှူအတန်းကိစ္စများ စီစဉ်ရတတ်။ တနင်္ဂနွေနံ / လုပ်ငန်းများ၊ နေ့သားများ အရှေ့မြောက်အရပ် ၊ အနီရောင် ၊ ပန်းရောင် အထူးအကျိုးပေးအံ့။ စနေနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။


ငွေရေးကြေးရေး – လက်ထဲမှာ ငွေမမြဲဖြစ်နေအံ့။


အထူးသတိထားရန် – လက်တွင် ထိခိုက်မိတတ်လို့ သတိထား လုပ်ကိုင်သင့်ပါတယ်။


ထိထိုးမယ်ဆိုရင်တော့ (၆) နဲ့ (၀) ကို ပါအောင်ထိုးပေးပါ။


အချစ်ရေး – စိတ်ကူးယဉ် ကြံဝည်တွေးတောထားတဲ့အတိုင်း ဖြစ်လာမယ် ဆန္ဒပြည့်ဝမယ် အချိန်ကာလဖြစ်ပါအံ့။ အိမ်ထောင်ရေး – ဆွေမျိုးသားချင်းများကြောင့်လင်နှင့်မယား စိတ်ဝမ်းကွဲတတ်ပါသည်။


ယတြာ။ ။ မနက်(၆)နာရီ(၁၀)မိနစ် ဖယောင်းတိုင် (၆)တိုင် ၊ သစ်သီး (၆) လုံး အိမ်ဘုရားမှာလှူပြီးဆုတောင်းပါ။


အင်္ဂါ


မထင်မှတ်ပဲသတင်းကောင်းများကြားရတတ်။ မထင်မှတ်တဲ့စည်သည်များတွေ့ ရတတ် ။ မိသားစုအတွင်းစီးပွားရေးလုပ်ငန်းများအဆင်ပြေအံ့ ။ ကြီးကဲသူများနဲ့ အယူအဆကွဲလွဲ အဆင်မပြေဖြစ်တတ်။ မိတ်ဆွေသူငယ်ချင်းများအတွက်နဲ့ အနည်းငယ်စိတ်ညစ်ရတတ်။အလုပ်အကိုင် အကြံအစည်များ တိုးတက်အံ့။ ကောင်းသောအပြောင်းအလဲများကြုံရအံ့။ အလုပ်နေရာ၊ အိမ်နေရာပြောင်းလဲဖို့ အကြောင်းတွေပေါ်လာအံ့။ ဝန်ထမ်းဆိုရင်ရာထူးတိုးခြင်း၊ လတတိုးခြင်းများဖြစ်ဖို့အကြောင်းရှိပါတယ်။ မိမိကိုမကောင်းပြောဆိုလိုသူများကမိမိဂုဏ်သိက္ခာကိုညှိုးနွမ်းအောင်ပြောဆိုဖို့ပါးဝပ်တပြင်ပြင်ဖြစ်နေတတ်။ ဗုဒ္ဓဟူးနံ ၊ စနေနံ လုပ်ငန်းများ၊နေ့သားများ တောင်အရပ် ၊ အနောက်တောင်အရပ် ၊ အစိမ်းရောင် ၊ အနက်ရောင် အထူးအကျိုးပေးအံ့။ တနင်္ဂနွေနံ ၊ သောကြာနံ လုပ်ငန်းများ ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။


ငွေရေးကြေးရေး – ရစရာပေးစရာအချို့ ပြန်ကြာနေအံ့။ငွေအတွက် အနည်းငယ်စိတ်ပူရအံ့။


အထူးသတိထားရန် – စိတ်ဓာတ်ပိုင်း ကြံ့ခိုင်ရန် အရေးကြီးပါတယ်။


ထိထိုးမယ်ဆိုရင် (၉) နဲ့ (၁) ကိုပါအောင်ထိုးပေးပါ။


အချစ်ရေး – ချစ်သူ၏ငြိုငြင်ခြင်း၊အထင်လွဲခြင်းအကြောင်းသက်သက်မဲ့ပြဿနာရှာခြင်းကိုခံရတတ်


အိမ်ထောင်ရေး – ပြဿနာတွေကို ကိုယ်ကမစဘဲ ကိုယ်ကိုလာတတ်တာမျိုးတွေဖြစ်ပြီး ကတောက်ကဆအချေအတင်တွေဖြစ်တတ်


ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းဝေဖို့ အိမ်ဘုရားတွင် သောက်တော်ရေ (၃ )ခွက် ၊ အဖြူရောင်ပန်း(၃ )ပွင့် ၊ ပေါင်မုန့် ( ၃)ချပ် လှူဒါန်းဆုတောင်းပါ။


ဗုဒ္ဓဟူး


မိတ်ဆွေ သူငယ်ချင်းများအတွက်နဲ့ အနည်းငယ်စိတ်ညစ်ရတတ်။ လူမျိုးခြား နိုင်ငံခြားကိုအကြောင်းပြု၍ အဆက်အသွယ်ကောင်းများရအံ့။ အောက်လက်ငယ်သားအတွက် စိတ်ပူရတတ် ။ စက်ပစ္စည်းများ ပျက်ထွက် ၊ အသစ်လဲရအံ့ ။ မထင်မှတ်ပဲ ခရီးသွားဖို့အကြောင်းပေါ်လာတတ်။ တရစပ်ပြေးလွှားလှုပ်ရှားရုန်းကန်နေရပေမယ့် ပင်ပန်းရကျိုးမနပ်ဘဲ ဖြစ်နေအံ့ ။ လူပင်ပန်းမယ် အချိန်ကာလဖြစ်အံ့ ။ အကောင်းအဆိုး အလွဲလွဲအချော်ချော်ဖြစ်တတ် ။ သို့သော်လည်း အခက်အခဲများကိုကျော်လွန်ပြီး မိမိတို့ဆန္ဒပြုထားသည့် အရာများပြေလည်အံ့။ ဘာပဲလုပ်လုပ် အတိုက်အခံများတွေ့နေရတတ် ။ ကြီးကဲသူများနဲ့ အယူအဆကွဲလွဲအဆင်မပြေဖြစ်တတ်။ သောကြာနံ၊ စနေနံ လုပ်ငန်းများ ၊နေ့သားများ မြောက်အရပ်၊အနောက်တောင်အရပ်၊ အပြာရောင်၊ခရမ်းရောင်၊အနက်ရောင်၊မရမ်းရောင် အထူးအကျိုးပေးအံ့။ အင်္ဂါနံ ၊ ဗုဒ္ဓဟူးနံ လုပ်ငန်းများနေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။


အထူးသတိပြုရန် – ဘာကိုပဲလုပ်လုပ် အဆုံးမသတ်နိုင်ဘဲ တို့လို့တန်းလန်းဖြစ်နေတတ်လို့ တစ်ခုခုကိုအဆုံးသတ်ပြီးပြတ်အောင် ဇောက်ချလုပ်ကိုင်ပါ။


ငွေရေးကြေးရေး – ငွေကြေးနဲ့ပက်သက်လို့ကတော့ မိမိ မျှော်မှန်းထားတဲ့ အတိုင်း ပြည့်ဝအောင်မြင်မယ်အချိန်ကာလဖြစ်အံ့။


ထိထိုးမယ်ဆိုရင်တော့ (၂) နဲ့ (၆) ကို ပါအောင်ထိုးပေးပါ။


အချစ်ရေး – ချစ်သူနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း အကြိုက်ခြင်းကွဲလွဲနေအံ့။


အိမ်ထောင်ရေး – ကိုယ်ကသာ ဦးဆောင်နေပါသော်လည်း နောက်ကမပါဘဲ ဖြစ်နေလို့ စိတ်ညစ်ရအံ့။


ယတြာ ။ ။အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့ အိမ်ဘုရားမှာ နှင်းဆီ (၃)ပွင့် ၊ နွားနို့ (၃)ခွက် ၊ ဖယောင်းတိုင်(၃)တိုင် လှူဒါန်းဆုတောင်းပါ။


ကြာပသတေး


အလှအပအနုပညာ ရွှေရတနာ လက်အောက်ငယ်သား ကိစ္စတွေမှာတော့ အဆင်မပြေဖြစ်တတ်။ အလုပ်နေရာအိမ်နေရာတွေအတွက်လည်း စိတ်ရှုပ်ရတတ်။ အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်ပြောင်းခြင်း အလုပ်သစ်များစတင်လုပ်ကိုင်ခြင်း မပြုလုပ်သင့်သေး ။ ဆွေမျိုးရင်း၊ မိတ်ဆွေရင်းတို့ရဲ့ မကောင်းသောသတင်းကိုလည်း ကြားရတတ်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေအံ့။ ဘာမှန်းမသိပဲ အလုပ်တွေရှုပ်နေအံ့။ အလုပ်တွင်မပျော်ပိုက်ဘဲဖြစ်နေတတ်ပါတယ်။ ဝန်ထမ်းဆိုရင် နေရာအပြောင်းအရွှေ ပေါ်တတ်ပါသည်။ အိမ်သားထဲမှတစ်ဦးကျန်းမာရေးညံ့တတ်ပါတယ်။ စိတ်ညစ်ရမယ်ဧည်သည်များရောက်လာတတ်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံရအံ့။ မိတ်ဆွေရင်း ဆရာရင်းတွေရဲ့ အကူအညီကောင်းများရအံ့။ အဝတ်အထည် ထီး ဖိနပ် လက်ဆောင်ရတတ်။ စိတ်မပါပဲ ခရီးသွားရအံ့။ ကြာသပတေးနံဝနေနံလုပ်ငန်းများ ၊နေ့သားများ၊ အနောက်အရပ်၊အနောက်တောင်အရပ်၊ အဝါရောင်၊ရွှေရောင်၊ အနက်ရောင် အထူးအကျိုးပေးအံ့။ တနင်္လာနံ ၊ သောကြာနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။


ငွေရေးကြေးရေး – လက်ထဲတွင် ငွေပမြဲအံ့ ။


အထူးသတိထားရန် – လုပ်ဆောင်မှုတိုင်းကို စိတ်လက်ပေါ့ပါးစွာနဲ့ဖြတ်သန်းပြီး စိတ်ဖိစီးမှုများကိုလျော့ချပါ။


ထိထိုးမယ်ဆိုရင်တော့ (၂) နဲ့ (၄) ကို ပါအောင်ထိုးပေးပါ။ရေချိုးခန်းတွင် ထိဂဏန်းရှာပါ။


အချစ်ရေး – တစ်ခြုံကွယ် တစ်မယ်ပေ့ဆိုသလို ချစ်သူနဲ့ လက်တွဲဖြုတ်ချင်တဲ့ မကောင်းတဲ့အတွေးတွေ ဝင်လာတတ်


အိမ်ထောင်ရေး – မောင်တစ်ရွာ ၊ မယ်တစ်မြို့ ခွဲခွာနေရတတ်


ယတြာ ။ ။ အိမ်ဘုရားမှာအုန်းသီးပါတဲ့မုန့် (၃)ခု ၊ ဖယောင်းတိုင်(၅)တိုင် ၊ သောက်တော်ရေ (၁)ခွက် ဘုရားလှူဆုတောင်းပါ။


သောကြာ


လူကြီးတစ်ယောက်၏အကူအညီကိုမမျှော်လင့်ဘဲရဖို့ရှိနေပါတယ်။ ပညာရပ်တစ်ခုသင်ယူရခြင်း၊သင်တန်းတက်ရခြင်းများလည်းကောင်းပါတယ်။ ရွှေရတနာ၊ အလှအပ၊ အနုပညာနဲ့ ပက်သက်တဲ့ ပစ္စည်းများ လက်ဆောင်ရအံ့။ အောက်လက်ငယ်သားကို အကြောင်းပြုပြီး စိတ်ချမ်းသာရအံ့ ။ လုပ်သမျှကြံသမျှ၊ပြောသမျှအရာထင်မည် ။ ဘုရားပုံတော်၊ ဘုန်းကြီးပုံတော်များလည်းအိမ်သို့ကြွလာတတ်ပါတယ်။ ရောက်လာရင် ထိထိုးပါ။ စီးပွားတက်လာဘ်ပွင့်မယ်နိမိတ်ဖြစ်ပါတယ်။ အလုပ်အကိုင် အကြံအစည် ရည်ရွယ်ချက်များ တိုးတက်မှုများနှင့် ကြုံရပါလိမ့်မယ်။ အလုပ်မှာ ရာထူးတိုး လစာတိုးဖို့ အကြောင်းတွေပေါ်လာတတ်။ အလုပ်နေရာ အိမ်နေရာ ပြောင်းလဲဖို့အတွက်လည်း အခြေအနေ တွေပေါ်ပေါက်လာတတ်။ စိတ်ညစ်ရမယ်လည်သည်များ မကြာခဏတွေ့ရတတ်။ စိတ်မပါပဲ ခရီးသွားရတတ်။ တနင်္ဂနွေနံ ၊သောကြာနံလုပ်ငန်းများ ၊နေ့သားများ အရှေ့မြောက်အရပ်မြောက်အရပ် ၊ အနီရောင်ပန်းရောင် ၊အပြာရောင်အထူးအကျိုးပေးအံ့။


စနေနံ၊ အင်္ဂါနံ လုပ်ငန်းများ၊နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့။


ငွေရေးကြေးရေး – ငွေကြေးကံအနည်းငယ်ကောင်းနေပါတယ်။ ငွေဝင်မယ်လမ်းကြောင်းတွေ၊ အခွင့်လမ်းတွေ ပေါ်လာတတ်ပါတယ်။


ထိထိုးမယ်ဆိုရင်တော့ မိဘအရွယ်ရှိသူ လူကြီးတစ်ဦးကို မေးမြန်းနိမိတ်ကောက်ပြီးထိုးပါ။ (၁ ၊ ၀ )


အချစ်ရေး – အခြားသူငယ်ချင်းစုံတွဲအပေါ် အကြံပေးကောင်းရင်း မိမိတို့ချစ်သူနှစ်ဦးကြား ပြဿနာဖြစ်ရတတ်ပါတယ်။


အိမ်ထောင်ရေး – ဆွေမျိုးဝင်ရှုပ်တတ်။


ယတြာ ။ ။ အိမ်ဘုရားမှာ ကော်ဖီ(၂)ခွက် ၊ ကိတ်မုန့် (၂)ချပ် ၊ ဖယောင်းတိုင် (၂)တိုင် လှူဒါန်းဆုတောင်းပါ။


စနေ


လူတစ်ယောက်၏အကူအညီကိုမမျှော်လင့်ဘဲရတတ်ပါတယ်။ ပညာရပ်တစ်ခုသင်ယူခြင်း၊ သင်တန်းတက်ခြင်းကိစ္စများအတွက် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ လုပ်ငန်းဆောင်တာများတွင် စိတ်မပါဘဲလုပ်ဆောင်နေမှုများကြောင့်အမှားများဖြစ်တတ်ပါသည်။ လုပ်ငန်းခွင်မှာလည်းအလုပ်များနှစ်ကြိမ်နှစ်ခါလုပ်ရတတ်ပါတယ်။ ဘာလုပ်လုပ်အထစ်အငေါ့အတိုက်အခိုက်များနှင့်ကြုံတွေ့နေရတတ်။ ဝိတ်ညစ်ရမယ်ဧည်သည်များတွေ့ရတတ်။ အောက်လက်ငယ်သားများထံမှ အကူအညီကောင်း၊အကြံကောင်းဉာဏ်ကောင်းများ ရတတ်။ ရွှေရတနာ ၊အလှအပအနုပညာနဲ့ ပက်သက်တဲ့ပစ္စည်းများ ဝင်လာတတ်။ ရွေးချယ်ရခက်သော အခွင့်အလမ်း(၂)ခုတပြိုင်နက်တည်း ပေါ်လာတတ်ပါတယ်။ မိတ်ဆွေရင်း ဆရာရင်းများထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများရအံ့။ ငွေ ပစ္စည်းပျောက်တတ်။ အင်္ဂါနံ၊ကြာသပတေးနံလုပ်ငန်းများ ၊နေ့သားများအရှေ့တောင်အရပ်၊အနောက်အရပ်၊အညိုရောင်းရောယှက်ရောင်၊အဝါရောင်ရွှေရောင်အကျိုးပေးအံ့ ။ ဗုဒ္ဓဟူးနံ ၊ စနေနံ လုပ်ငန်းများ ၊ နေ့သားများ စိတ်အနှောက်အယှက်ပေးအံ့ ။


အထူးသတိထားရန် – မိမိအားသူတစ်ပါး၏စွပ်စွဲပြောဆိုမှုကိုခံရတတ်လို့အပြောအဆို အနေအထိုင်ဆင်ခြင်ပါ။


ငွေရေးကြေးရေး – ဆုံးရှုံးထားသောငွေကြေးများ ပြန်လည်ဝင်ရောက်တတ်ပါသည်။


ထိ ထိုးမည်ဆိုပါက (၅) နဲ့ (၉) ပါအောင်ထိုးပေးပါ။


အချစ်ရေး – ချစ်သူ၏ ကြင်နာယုယမှုများက သင့်နှလုံးသား အတွင်းသို့ စိမ့်ဝင်ပျံနှံ့နေအံ့။


အိမ်ထောင်ရေး – အလုပ်များပြီး မိသားစုနားမနေနိုင်လို့ အိမ်ထောင်ဘက်ရဲ့ ငြိုငြင်မှုကို ခံရတတ်။


ယတြာ ။ ။အိမ်ဘုရားမှာ အုန်းသီးပါသောမုန့် (၆) ခုလှူဒါန်းရင်းအလိုရှိရာဆုတောင်းပါ။


ဆရာမင်းသိမ်ခိုင်