မိန်းမချင်းလိင်တူချစ်သူကို ဓားနဲ့(၁၉၆)ချက်ထိုးသတ်ခဲ့လို့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ကောင်မလေး

2019-07-26 17:15:25


မိန်းမချင်းလိင်တူချစ်သူကို ဓားနဲ့(၁၉၆)ချက်ထိုးသတ်ခဲ့လို့ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ကောင်မလေး

အသက်ငယ်ငယ် ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့လိင်တူချစ်သူကောင်မလေးကို ဓားနဲ့ မသေမချင်း ထိုးသွင်းသတ်ဖြတ်ခဲ့လို့ တရားရုံးက သူမကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကောင်မလေးဟာ သူမရဲ့ချစ်သူ ကောင်မလေးကို ဓားနဲ့ (၁၉၆)ချက်အထိ ထိုးသတ်ခဲ့တာပါ။


အခင်းဖြစ်စဉ်ဟာ (၂၀၁၈)ခုနှစ် ဇန်နဝါရီ(၂၉)မှာဖြစ်ပြီး၊ အသက်(၂၉)နှစ်အရွယ် Fang Yao က သူမကို ပစ်ထားခဲ့တဲ့ လိင်တူချစ်သူဟောင်း Wang Lei (၂၆)နှစ်ကို အညှိုးအတေးကြီးစွာနဲ့ ဓားနဲ့ထိုးသတ်ခဲ့တာပါ။ Yao ဟာ Lei ရဲ့နောက်ကို နောက်ယောင်ခံလိုက်ရင်း-




Yongzhou မြို့က ဟိုတယ်မှာ ခြေရာခံမိခဲ့ပါတယ်။ Lei ကို လှည့်ဖျားခေါ်ယူပြီး၊ ဆယ်လွှာကနေဆင်းတဲ့ ဓာတ်လှေကားထဲမှာ Lei ကို ရက်ရက်စက်စက် ဓားနဲ့အချက်ပေါင်းများစွာ ထိုးသွင်း သတ်ဖြတ်ခဲ့တာပါ။ ဆေးမှတ်တမ်းအရ Yao ဟာ (၁၆၉)ချက်အထိ ဓားနဲ့ ထိုးသွင်းခဲ့တာပါတဲ့။


ရဲတွေရောက်လာချိန်မှာ Yao က အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားပြီဖြစ်ပြီး၊ Lei ကတော့ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ နီးစပ်သူတွေအဆိုအရ Yao နဲ့ Lei တို့ဟာ ငယ်စဉ်ကတည်းက အတူကြီးပြင်းလာတဲ့ သူငယ်ချင်းတွေ ဖြစ်ကြောင်း-




ကျောင်းပြီးတော့ ဆေးရုံတစ်ခုမှာ အလုပ်အတူတူလုပ်ကြရင်း လိင်တူချစ်သူတွေ ဖြစ်သွားခဲ့ကြောင်း၊ Yao ဟာ လောင်းကစားမှာ အလွန်ဝါသနာကြီးပြီး Lei ဆီကနေ ပိုက်ဆံအမြောက်အများ ချေးယူခဲ့ကြောင်း၊ ဒီလိုနဲ့ ပိုက်ဆံပြန်မဆပ်တဲ့ ကိစ္စနဲ့ နှစ်ယောက်သား ခွာပြဲသည်အထိ ဖြစ်ခဲ့ရပါတယ်။


နောက်တော့ Yao က သူမ ချေးထားတဲ့ပိုက်ဆံကို ပြန်ဆပ်မယ့်အကြောင်း လက်မှတ်ထိုးပေးမယ်လို့ Lei ကို လှည့်ဖျားခေါ်ဆောင်ကာ အခုလို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။ Lei ရဲ့ မိဘတွေကတော့ Yao ကို အမြန်ဆုံးသေဒဏ်စီရင်စေလိုနေတယ်လို့ ဆိုပါတယ်။


နေသူရိန် (D Nae Thit)


source : Shanghai.ist