ခါဘီနှင့် မထိုးသတ်မီ နေ့စဉ် ဝီစကီ သောက်ခဲ့ကြောင်း မက်ဂရီဂေါ ဝန်ခံ

2020-01-15 12:21:47


ခါဘီနှင့် မထိုးသတ်မီ နေ့စဉ် ဝီစကီ သောက်ခဲ့ကြောင်း မက်ဂရီဂေါ ဝန်ခံ

ခါဘီနှင့် မထိုးသတ်မီ နေ့စဉ် ဝီစကီ သောက်ခဲ့ကြောင်း မက်ဂရီဂေါ ဝန်ခံ


ခါဘီနဲ့ မထိုးသတ်မီ တပတ်အလိုက နေ့စဉ်မပြတ် ဝီစကီအရက်တွေ သောက်နေခဲ့ကြောင်း UFC နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါက ဝန်ခံပြောကြားလိုက်ပါတယ်။


ခါဘီကို အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ မက်ဂရီဂေါဟာ မကြာခဏဆိုသလို လူမှုရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဖိုက်တာတယောက်လည်း ဖြစ်ပါတယ်။


မက်ဂရီဂေါက အားကစားရုပ်သံ ESPN နဲ့ တွေ့ဆုံချိန်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောတာတွေ ရှိခဲ့ပြီး ဆိုးမိုက်ခဲ့တာတွေကို ဝန်ခံပြောကြားသွားပါတယ်။


ခါဘီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မတိုင်မီက ကိုယ်ထဲမှာ မြွေဟောက်တကောင် ဝင်နေခဲ့သလို ခံစားခဲ့ရပြီး လူသားတဦး လုပ်ရမယ့် အလုပ်တွေကိုတောင် မလုပ်မိခဲ့ဘူးလို့ ပြောပါတယ်။


မက်ဂရီဂေါဟာ လက်တလောမှာတော့ သူ့ရဲ့အတိတ်က အမှားတွေကို ချေဖျက်ဖို့အတွက် ဒေါလ်နယ်ကာရုန်းနဲ့ ပွဲစဉ်မှာ အနိုင်ရရှိဖို့ အပြင်းအထန် ကြိုးစားပြင်ဆင်နေတယ်လို့ ပြောပါတယ်။


ဒေါနယ်လ်နဲ့ ပွဲစဉ်ကိုတော့ လာမယ့်စနေနေ့မှာတော့ လက်စ်ဗီးဂတ်စ်မှာ ကျင်းပဖို့ ရှိနေပါတယ်။


DVB TV News