ကျန်းမာရေး အတွက် စားသုံး ဖို့ မသင့် တော် တဲ့ ငါးအမျိုးအစား ၅ မျိုး

2020-01-15 10:44:02


ကျန်းမာရေး အတွက် စားသုံး ဖို့ မသင့် တော် တဲ့ ငါးအမျိုးအစား ၅ မျိုး

ကျန်းမာရေး အတွက် စားသုံး ဖို့ မသင့် တော် တဲ့ ငါးအမျိုးအစား ၅ မျိုး


အ ချို့သော ငါးအမျိုးအစားတွေက ခန္ဓွာကိုယ်အတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ငါးစားသုံးခြင်းဟာခန္ဓာကိုယ် ကျန်းမာရေးကိုကောင်းမွန်စေပြီးလူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရ ဓာတ် တွေကို ပေးစွမ်းစေနိုင်ပါတယ်။


ဒါပေမယ့်အချို့သောငါးအမျိုးအစားတွေကတော့ခန္ဓွာကိုယ်အတွက် ကောင်း ကျိုးထက်ဆိုးကျိုးကိုသာဖြစ်စေနိုင်တာ ကြောင့်စားသုံးဖို့မသင့်တော်တဲ့ငါးအမျိုးအစားတွေကိုဖော်ပြပေးလိုက်ရပါတယ်။


(၁) ငါးကင်ဆိုင်တွေမှာအများဆုံး အသုံးပြုပြီးတလားဗီးယားလို့ လူသိများကြတဲ့ငါးဟာပရိုတိန်းပါဝင်မှုနည်းပါး သလို Omega 3 Fatty Acid လည်းမပါဝင်သလောက်ကိုနည်းပါးပါတယ်။ ကင်ဆာဖြစ်စေတဲ့ Dioxin Level မြင့်မားစွာ ပါဝင်တာကြောင့်များများစားသုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။


(၂) အရွယ်အစားကြီးကြီးနဲ့ ဖွံဖြိုးလှတဲ့ ငါးခူတွေဟာကြီးထွားမှု နှုန်းမြင့်အောင် ဟော်မုန်းတွေအမြောက်အများ ကျွေး ပြီးမွေးမြူထားတာဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။သဘာဝငါးခူတွေမှာသာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုဖြည့်တင်းပေးနိုင်တဲ့ဓာတ်တွေပါဝင်တာကြောင့်သဘာဝ ငါးခူမျိုးကိုသာရွေးချယ်စားသုံးသင့်ပါတယ်။


(၃) ငါးရှဉ့်ဟာသူ့သဘာဝကိုကညစ်ပတ်တဲ့နေရာတွေမှာကျက်စားတာဖြစ်တာကြောင့် ပြဒါးဓာတ်တွေအများအပြား ပါဝင်ပါတယ်။ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့အဆီဓာတ်မပါဝင်ဘဲ ခန္ဓာကိုယ်အတွက်အန္တရာယ်ရှိစေတဲ့ အဆီဓာတ်သာပါဝင်တာကြောင့်ချင့်ချိန်စားသုံးသင့်ပါတယ်။


(၄) ဆူရှီပြုလုပ်တဲ့အခါအသုံးပြုတဲ့ ဒေါ် လာငါးအမျိုးအစားတွေမှာဖယောင်းဓာတ်အများအပြားပါဝင်တာကြောင့် အစာအိမ်ရဲ့အစာခြေစနစ်ကို နှောင့်နှေးစေနိုင်ပါတယ်။အစာအိမ် ရောဂါရှိသူတွေစားသုံးဖို့မသင့်တော်တဲ့ ငါးအမျိုးအစားပဲဖြစ်ပါတယ်။


(၅) မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တူနာငါးတွေဟာ ဒီကနေ့ခေတ်မှာတော့ သဘာဝတူနာငါးမျိုးကို တွေ့ဖို့ခဲယဉ်းသွားပါပြီ။ ဟော်မုန်းတွေ အလွန်အကျွံတိုက်ကျွေးထားတဲ့ တူနာငါးမျိုးတွေသာ ရှိတော့တာကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။Ref ; steptohealth.com


ဟယ်လ်သင်


Credit – The Irrawaddy – Burmese Edition