ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ထုတ်ပယ်ခံရ

2020-01-14 10:19:29


ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ထုတ်ပယ်ခံရ

ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ထုတ်ပယ်ခံရ


နည်းပြ အာနက်စတိုဗယ်ဗာဒီကတော့ ဘာစီလိုနာအသင်းကို ၂ နှစ်ခွဲအကြာ ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ မနေ့ကပဲ ရာထူးက ထုတ်ပယ်ခံလိုက်ရပါတယ်။


ဘာစီလိုနာအသင်းအနေနဲ့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းပြတဦးကို ရာသီဝက်မှာ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။


ဗယ်ဗာဒီရဲ့နေရာမှာ အစားထိုးဖို့အတွက် လာလီဂါ အတွေ့အကြုံရင့် နည်းပြတဦးဖြစ်တဲ့ ဘက်တစ်အသင်းရဲ့နည်းပြဟောင်း အန်းနရစ်ဆက်တီယန်နဲ့ အစားထိုးဖို့ ချိတ်ဆက်ထားပြီး မကြာသေးခင်က အင်္ဂလန်ကလပ် ဝက်ဖိုဒ့်အသင်းနဲ့ ချိတ်ဆက်ထားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။


အစောပိုင်းက အသင်းရဲ့ ကစားသမားဟောင်း ဇာဗီကို နည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရလို့ ဆက်တီယန်ကို ရည်ရွယ်ထားတာ ဖြစ်ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြဟောင်း အာဂျင်တီးနားသား ပိုချက်တီနိုကိုလည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။


ဗယ်ဗာဒီ ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လာလီဂါမှာ ထိပ်ဆုံးက ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပါတယ်။


ထုတ်ပယ်ခဲ့တဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့တော့ ဗယ်ဗာဒီအနေနဲ့ ဥရောပ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မသေချာလို့ လမ်းခွဲခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာအသင်းဘက်က ထုတ်ပြန်ထားပါတယ်။


DVB TV News