“ဘဝပေါင်းများစွာ” ရင်နင့်အောင်ခံစားရပါတယ် ညီမလေးရေ ဒီလိုအဖေမျိုးအတွက် ဂုဏ်ယူလိုက်ပါ

2019-08-09 03:26:19


“ဘဝပေါင်းများစွာ” ရင်နင့်အောင်ခံစားရပါတယ် ညီမလေးရေ ဒီလိုအဖေမျိုးအတွက် ဂုဏ်ယူလိုက်ပါ

မင်္ဂလာပါ (၇. ၈. ၂၀၁၉) ရင်နင့်အောင်ခံစားရပါတယ် ညီမလေးရေ ဒီလိုအဖေမျိုးအတွက် ဂုဏ်ယူလိုက်ပါ


ကျမနဲ့အမေအတွက်တော့ အဖေက သူရဲကောင်းမဟုတ်ပါဘူးတဲ့ ကျနော်လည်း ဒီစာရေးတဲ့ညီမလိုတွေးခဲ့တာ အဖေ့ကိုနာကျည်းခဲ့တာ အဲဒီအတိုင်းပဲ“ဘ ဝ ပေါင်း များ စွာ”


ထောင်တွင်းကျဆုံးခဲ့သည့် နိုင်ငံရေး အကျဉ်းသားများကို ဂုဏ်ပြု ခြင်း ဆိုတဲ့ စာတန်းကို ကျမ မမှိတ် မသုန် စိုက်ကြည့်နေမိတယ် ကျမ အိမ်ကို လူတယောက် ဖိတ်စာလာပေးတယ် အဖေ့ကို ဂုဏ်ပြု မလို့ တဲ့လေ။


ရုတ်တရက်ဆိုတော့ ရင်မှာ လှိုက်တက်လာတဲ့ ဒေါသတွေနဲ့အတူ ဖိတ် စာကို ကျမ လွင့်ပစ်လိုက်မိတာပေါ့။


ရင်ထဲမှာလည်း နာကျင်ကြေကွဲစွာ ရီလိုက်မိတယ် အဖေက အဖေက လေ ဘာတွေများ ဂုဏ်ပြုစရာ ကောင်းနေလို့ လဲ။


နံနက်စောစော ဘယ်သူမှ မထသေးတဲ့ အချိန်မှာ ကျမ နဲ့ အမေထတယ်။ ကောင်းညှင်းပေါင်းပီး ပဲပြုတ် ပီးတော့ တောင်းလေးကို ခေါင်းပေါ်ရွက်ပီး ရပ်ကွက်ထဲကို အမေက လှည့်ရောင်းတယ်။


အဖေ တခါ တခါ နေ့ လည်စာမှာ ကျန် တဲ့ ကောက်ညင်း နဲ့  ပဲပြုတ်ကို အမေ နဲ့  ကျမ စားခဲ့ရတယ်ဆိုတာ အဖေ သိမှသိပါလေစ။


လွယ်အိပ်ကလေး တလုံးလွယ် လူငါးယောက်လောက် နဲ့ အိမ်မှာ ဝင်လိုက် ထွက်လိုက် အဖေ ပြောနေကျ လက်သုံးစကား ရှိတယ်လေ


သန်း ၅၀ သော ပြည်သူတွေအတွက် ငါ့ တို့ အသက်တွေကို ပေးလို့  အလုပ်လုပ်ရမယ် တဲ့။




အမေ ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ထဲမှာ ငပိရည် နဲ့ အားလူကြော်ပဲ ပါတာမို့  သူငယ်ချင်းတွေက ကျမနဲ့ အတူတူ မစားချင်ကြဘူး သူတို့ ထမင်ဝိုင်းလေးကို ကြည့်ပီး စို့ တက်လာတဲ့ မျက်ရည်တွေ ကို ပုတ်ထုတ်လိုက်ရတယ် ကျမ မငိုပါဘူး အဖေ။


ဆရာမတွေက ကျမ ကို သူပုန်ရဲ့ သမီးတဲ့ မုန့် စားကျောင်း ဆင်းချိန်တွေဟာ ကျမ အတွက် ရေ နှစ်ခွက် ဆင့် သောက်ရတဲ့ အချိန်လို့  အဖေ တွေးမှ တွေးခဲ့မိရဲ့လား။ တနေ့ တော့ အမေက ပြောတယ်


သမီးကို အမေ ကျောင်း ဆက်မထားနိုင်တော့ဘူးတဲ့ အဲလို ပြောပီး အမေငိုလိုက်တာလေ ရှိုက်ကြီးတငင်ပဲ အမေ့ ရဲ့ ငိုကြွေးသံတွေက ကျမ နှလုံးသားကို ထုတ်ချင်းဖေါက်လို့  အမေ့နားနေရင် ကျမ ငိုမိမှာမို့ အခန်းထဲ ပြေးဝင် ခဲ့လိုက်တယ်။


တတန်းကနေ ၆ တန်းထိ အမြဲတတိယရလို့  ရိုက်ထားတဲ့ ဓာတ်ပုံလေးက ကျမကို လှောင်နေသလို အနီးနားမှာရှိတဲ့ စောင်ကို ပါးစပ်ထဲ ထိုးထည့်ပီး ကျမ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။


အမေ့ရဲ့ ငိုကြွေးသံကတော့ ကျမ အခန်းကို ဖြတ်တောက် စီးဆင်းလို့  ဒ့ါပေမဲ့ ကျမမငိုခဲ့ဘူး အဖေ။ ဒီလိုနဲ့ စက်ချုပ်တဲ့ ကုမ္မဏီတခုရဲ့ တောက်တိုမယ်ရ ဝန်ထမ်းလေးအဖြစ် ကျမလုပ်ခဲ့ရတယ်။


ခုတော့ အမေကလည်း ကိုယ်ဆင်းရဲမှုဒဏ် စိတ်ဆင်းရဲမှု ဒဏ်တွေကြောင့်လား မသိဘူး ဆေးရုံပေါ်က ကုတင်ပေါ်မှာ မထနိုင်ရှာတော့ဘူး။ သမီးရဲ့ တောက်တိုမယ်ရ ဝန်ထမ်း လခလေးနဲ့ သမီး မရပ်တည် နိုင်တော့ဘူး အဖေ။


အတွေးတွေ တွေးနေတုန်းပဲ အဖေရဲ့ နာမည် ကြေငြာ သံကြားလို့  ကျမ စင်ပေါ်တက်ခဲ့လိုက်တယ်။ ဘယ်လိုကဘယ်လို စင်ပေါ်ရောက်လာတယ်မသိဘူး ဝမ်နည်းချင်းတွေက ရင်ထဲမှာ လှိုက်လှိုက်တက်လာပီး ပါးပြင်ပေါ် မျက်ရည်တွေက အဆက်မပြတ် စီးဆင်းခဲ့တော့တယ်။


တခါမှ မငိုခဲ့ဘူးတဲ့ ကျမ လူတွေအများကြီးရှေ့မှာမှ ကျမကို ဆုပေးနေတဲ့ လူကြီး ရှေ့မှာမှ ရှိုက်လို့ ရှိုက်လို့ အားရပါးရ ငိုလိုက်မိတယ်။


အဲဒီအချိန်မှာပဲ ဆုပေးတဲ့ လူကြီးရဲ့ စကားသံက ကျမ နားထဲကို ဗုံးတလုံးလို ဝင်ရောက်လာခဲ့တယ် “မငိုပါနဲ့ ကလေးရယ် ကလေးရဲ့အဖေက သူရဲကောင်း ပါတဲ့”


ဟုတ်ရဲ့လား သန်း ၅၀ သော ပြည်သူတွေအတွက်တော့ ဟုတ်ချင်ဟုတ်ခဲ့မယ်။ ဒါပေမဲ့ ကျမ နဲ့ အမေ အတွက်တော့ မဟုတ်ခဲ့ပါဘူး


ဝမ်းနည်းချင်းများစွာဖြင့်


မူရင်းရေးသားသူ ခရက်ဒစ်ပါ။