မျက်စိ အမြင်ကြည်၍ ပါ၀ါတဖြည်းဖြည်း ကျသွားစေသော မြန်မာ့ဆေးနည်း

2020-01-12 09:50:21


မျက်စိ အမြင်ကြည်၍ ပါ၀ါတဖြည်းဖြည်း ကျသွားစေသော မြန်မာ့ဆေးနည်း

မျက်စိ အမြင်ကြည်၍ ပါ၀ါတဖြည်းဖြည်း ကျသွားစေသော မြန်မာ့ဆေးနည်း


မြန်မာနည်းမြန်မာဟန် မျက်စိ အမြင်ကြည်၍ ပါ၀ါတဖြည်းဖြည်း ကျသွား စေသောနည်းမှာ


(၁) နေ့စဉ် အိပ်ရာမဝင်ခင် ဆား(၃၀)သားကို


ရေအင်ဒုံလေးထဲထည့်ပြီး ရေနွေးနွေးလေးဖြင့်ခြေ မျက်စိမြှုပ်ရုံမျှ(၁၅)မိနစ်ကြာအောင်စိမ်ပေးပါ။


(၂) ထမင်းစားပြီး(၁)နာရီခြား၍ ကြက်ဥ(၁)လုံးကို


နေ့စဉ် အစိမ်းသောက်ပေးခြင်း(သို့) ကာကျက် လေးလုပ်၍ သောက်ပေးစားပေးပါ။


(၃) မျက်စိပါ၀ါချမည်ဆိုပါလျှင်(၇)ရက်တိတိဆား မျက်စဉ်းခပ်ပေးပါ။ ရေသန့်သန့်ဖန်ခွက် လေးတစ် ခွက်(၂၅၀)လီတာထဲသို့ ဆား(၁)ပဲသားခပ်ပြီး အဝတ်သန့်ဖြင့် စစ်၍ မျက်စိအား (၂)စက်(၃)စက်မျှ ခပ်ပေးပါ။ ဆားမျက်စဉ်းခပ်ပေးစတွင် နံနက်မိုးလင်း ပါက မျက်ချေးများ ပိတ်နေတတ်ပါသည်။


(၄) မုံညင်းဆီ(သို့) နှမ်းဆီစစ်လေးရှာထားပါ။


ညအိပ်ရာဝင်ပါလျှင် ခြေချောင်းလေးများအားနှင့် ခြေချောင်းလေးများကြားမုံညင်းဆီ(သို့)နှမ်းဆီ လူးပေးပါ။


(၅) ဆားမျက်စဉ်းခပ်ပေးချိန်(၇)ရက်ပြည့်ပါလျှင်


အရွယ်ညီ ကျောက်စရစ်ခဲလေးနှစ်လုံးကို ရေစင် အောင်ဆေးပြီးရေသန့်သန့် လေးဖြင့် အမြဲစိမ်ထားပါ။ ထိုကျောက်စရစ်ခဲလေးအား ညအိပ်ရာဝင်ချိန် ပက်လက်အိပ်မျက်စိမှိက်ပြီး ဘယ်ညာ (၁၅)မိနစ် မျှတင်ပေးပါ။


အေးမြကြည်လင်းခြင်းကို လက်တွေ့လုပ်ကြည်သူ ခံစားနိုင်ပါလိမ့်မည်။


ဆိုးကျိုးမရှိသော မျက်စိကြည်၊ပါ၀ါ ကျစေခြင်းနှင့် အတူ အညောင်းအညာပြေပြီး အပူကင်းခြင်း အကျိုးကို(၁)လအတွင်းအမှန်ပင် ရလာမည်ဟု ပြောရဲပါသည်။


မြန်မာနည်းမြန်မာဟန်ဖြင့် မျက်စိအမြင်အမှန်ကြည် စေကာ မျက်စိပါ၀ါကျစေသော နည်းကိုပေးသူအာ း ကျေးဇူးတင်မိပါသည်။


လိုသူယူသုံး စိတ်နှလုံးချမ်းသာစွာဖြင့် မျက်စိအမြင်ကြည်နိုင်ကြပါစေ


ရဲမျိုးသူ(ဗောဓိမြိုင်)