အစ်ကိုဖြစ်သူ ခြေထောက်ဖြတ်ဖို့ပိုက်ဆံလိုနေတဲ့ ရဲလေးမအတွက် အလှူရှင်ပေါ်လာလို့ ဝမ်းသာနေတဲ့ ခိုင်နှင်းဝေ

2019-08-09 03:20:18


အစ်ကိုဖြစ်သူ ခြေထောက်ဖြတ်ဖို့ပိုက်ဆံလိုနေတဲ့ ရဲလေးမအတွက် အလှူရှင်ပေါ်လာလို့ ဝမ်းသာနေတဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။


ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေက ဇာတ်ပို့သရုပ်ဆောင် ရဲလေးမအတွက် လှူဒါန်းတဲ့အလှူငွေကို သွားရောက်ပေးအပ်ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။


ဒီတစ်ခါမှာတော့ ဇာတ်ပို့ဇာတ်ရံ ရဲလေးမ အတွက် လှူဒါန်းတဲ့ အမေရိကန်က အလှူငွေကို ခိုင်နှင်းဝေက လာရောက်ပေးအပ်ခဲ့တဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။




ခိုင်နှင်းဝေ က ရဲလေးမ မုန့်ဟင်းခါးဆိုင်ဖွင့်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သွားလှူတုန်းက ရဲလေးမက သူ့ရဲ့ စားဝတ်နေရေး မပြေလည်ကြောင်း ၊ အစ်ကိုဖြစ်သူ ဆီးချိုဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် ခြေထောက်ဖြတ်ဖို့ ငွေကြေးလိုအပ်နေတယ်လို့ ဖြေထားဖူးတာရှိတာကြောင့် ခုဆိုရင် အလှူရှင် ပေါ်လာခဲ့ပါပြီ


ခိုင်နှင်းဝေ က ” အမေရိကန်ပြည်ထောင်စုနေ ကွယ်လွန်သူ JEREMY LYE (ခ) ကိုအောင်ထွန်းဦး အားရည်စူးပြီး ကျန်ရစ်သူမိသားစုမှ သရုပ်ဆောင်ကိုရဲလေးမကိုအလှူငွေ၅သိန်းကျပ်လှူဒါန်းသောကြောင့် သွားရောက်ပေးအပ်ခဲ့ပါတယ်ရှင်..ကိုရဲလေးမကို ကျမမုန့်ဟင်းခါးဆိုင်ဖွင့်ဖို့ပစ္စည်းတွေလှူပေးတုန်းက Interview မှာ သူ့အကိုခြေထောက်ဖြတ်ဖို့နဲ့မိသားစုအခက်အခဲတွေကိုပြောပြလိုက်လို့အခုလိုအလှူ ရှင်ပေါ်လာတဲ့အတွက်လဲဝမ်းသာမိပါတယ်.


ကျမရဲ့ စိတ်ထဲကနေကိုရဲလေးမတို့မိသားစုကိုပြေလည်စေချင်တဲ့စိတ်စေတနာအမှန်ကရောင်ပြန်ဟပ်တယ်လို့ထင်ပါတယ်.” ဆိုပြီးပြောထားပါတယ်။




မိသားစုအဆင်မပြေတာကြောင့် အစ်ကိုဖြစ်သူ ခြေထောက်ဖြတ်ဖို့ပိုက်ဆံလိုနေတဲ့ ရဲလေးမအတွက် အလှူရှင်ပေါ်လာလို့ ဝမ်းသာနေတဲ့အကြောင်းကို ပြောထားတာပဲဖြစ်ပါတယ်


ရဲလေးမအတွက် အလှူရှင်တစ်ဦးရဲ့ အလှူငွေကို သွားရောက်ပေးအပ်ခဲ့တဲ့ ခိုင်နှင်းဝေ ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။


ခရက်ဒစ်