Line Walker 2 ထဲကမှာ သူ့မျက်နှာက စက္ကန့်ဝက်လောက်ပဲ ပါတယ်ဆိုတဲ့ မင်းရာဇာ

2019-08-08 23:47:56


Line Walker 2 ထဲကမှာ သူ့မျက်နှာက စက္ကန့်ဝက်လောက်ပဲ ပါတယ်ဆိုတဲ့ မင်းရာဇာ

ယောကျာ်းပီသတဲ့ ဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ာမင်းရာဇာကတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လာရောက်ရိုက်ကူးသွားတဲ့ Line Walker 2 ဇာတ်ကားကြီးထဲမှာ ခဏတာ ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီး သူပါဝင်တဲ့ အကြောင်းလေးနဲ့ ရုပ်ရှင်အပေါ်ခံစားချက်လေးကို ပြောကြားသွား ခဲ့ပါတယ်။ ဒီအကြောင်းရာလေးကိုတော့ AlinnMyay ပရိသတ်ကြီးအတွက် ဖော်ပျြပးလိုက်ပါတယ်။


မင်းရာဇာကတော့ ရုပ်ရှင်နဲ့ ပတ်သက်ပြီး“ အမြင်ကတော့ သူတို့ Line Walker 1 အတိုင်းပဲပေါ့ သေနတ်သံတွေ ဆူညံနေမယ် လူအင်အားတွေ အများကြီးသုံးမယ် ။ ကားတွေနဲ့ ပစ်ကြခတ်ကြမယ်ပေါ့ ဇာတ်အိမ် လေးကတော့ ပါးပါးလေးပါပဲ ။



သူက အဓိက Presentation ကိုအဓ်ကထားပြီး လုပ်သွားတဲ့အတွက်ဇာတ်အိမ်ကို ကြီးအောင် ဖန်တီးထားတယ် Presentation ကို ဦးစားပေးထားတယ် မိုက်ပါတယ်။ ရိုက်ကွင်းမှာ ကျနော်တို့ကြည့်တုန်းက သေနတ်သံတွေဆို အရမ်းပြင်းထန်တယ်ပေါ့ ။ အခုဇာတ်ကားထဲမှာ ကြည့်တော့ အဲ့ဒီထက်ကို ပိုပြီးတော့ မိုက်ပါတယ် ။




ဟက်စကီးဆိုလည်း မြို့လည်ကောင်မှာ ပေးပျံခွင့်မရှိဘူး ကရိန်းနဲ့ ပဲချိတ်ရိုက်ရတယ် ။ CG နဲ့ပဲ သူတို့ ပန်ကာတွေဘာတွေ ဖန်တီးသွားတယ် အောက်က အပင်တွေ ဘာတွေလုပ်သွားတယ်ပေါ့ ။ဒီအပိုင်းလေးတွေကို မြို့လယ်ခေါင်မှာ Hotshot မြင်ရတာတော့ လုံးဝမိုက်တယ် ။




Trailer ကတော့ စက္ကန့်ကို တဝက်ဝက်ရင် ကျနော့်မျက်နှာမြင်ရမယ်ထင်ပါတယ်။ အစောကြီးကတည်းက အဲ့ဒီတခန်းပဲ ပါမယ်သိတယ် ။ အမှန်တိုင်းပြောရရင် ဆင်ဆာ ဖြတ်တဲ့အထဲမှာ ပါသွားမှာ မြန်မာနိုင်ငံမှာဆိုတော့ ဆင်ဆာဖြတ်တဲ့အထဲမှာ ပါသွားတာ စိုးရိမ်သေးတယ် ။ ဒါပဲမယ့် ကံမကောင်းတာက ရော့ကတ်က မျက်နှာကွယ်သွားတော့ မမြင်လိုက်ရဘူး” ဟုပြောပြသွားခဲ့ပါတယ်။ AlinnMyay ပရိသတ်ကြီးထဲမှာလည်း မင်းရာဇာ ပရိသတ်တွေ ပါကြလား။


AlinnMyay(အလင်းမြေ)