ပိုလီယိုရောဂါခံစားနေရသူ အမျိုးသမီး အဓမ္မပြုကျင့်ခံရ

2019-07-26 14:51:33


ပိုလီယိုရောဂါခံစားနေရသူ အမျိုးသမီး အဓမ္မပြုကျင့်ခံရ

ဘိုကလေးတွင် ပိုလီယိုရောဂါခံစားနေရသူ အမျိုးသမီး အဓမ္မပြုကျင့်ခံရ . . .ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့က အသက် နှစ်အရွယ်ရှိ ပိုလီယိုရောဂါခံစားနေရသူ အဓမ္မပြုကျင်ခံရကြောင်း သတင်းရသည်။


ပျဉ်းမကုန်းကျေးရွာအုပ်စုနေ အသက် ၃၃ နှစ်အရွယ် ပိုလီယိုရောဂါခံစားနေရသူအမျိုးသမီးမှာ ၎င်းနေအိမ်၌ မိခင် ဖြစ်သူနှင့်အတူရှိနေစဉ် နံနက် ၉ နာရီခန့်တွင် ကျေးရွာ တာဝန်ခံဖြစ်သူ ဝင်းလှိုင်ရောက်ရှိလာပြီး သန်းခေါင် စာရင်းကောက်ခံသဖြင့် လိုအပ်သည့်စာရွက်စာတမ်းများ ကွင်းထဲသို့သွားယူစဉ် ဝင်းလှိုင်မှ ပိုလီယိုရောဂါခံစားနေရသူအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း အဓမ္မ ပြုကျင့်ခံရသူ၏ မိခင်ဖြစ်သူထံမှသိရသည်။


” ကွင်းထဲကစာရွက်တွေယူပြီပြန်လာတာ၊ အိမ်အနား ရောက်တော့ ကလေးအော်သံကြားရလို့၊ အဲ့တာနဲ့ ကလေး ကိုလှမ်းမေးတော့ မပြောဘူး၊ အိမ်ပေါ်တက်ဖို့လုပ် နေတုန်း ဝင်းလှိုင်ထွက်လာတယ်၊ ဘာလုပ်တာလဲမေး တော့ စတာပါလို့ပြောသွားတယ်”ဟု မိခင်ဖြစ်သူမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။


ကျေးရွာတာဝန်ခံဖြစ်သူပြန်သွားချိန်တွင် သမီးဖြစ်သူကို ချော့မေးရာမှ အဓမ္မပြုကျင့်ခံရကြောင်းသိရှိ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးထံတိုင်းခဲ့ရကြောင် ၎င်းမှဆက်လက်ပြောကြားသည်။


” ကျနော်ကို အကြောင်းကြားလို့ မနေ့ကရောက်သွားပါ တယ်၊ ရဲတပ်ဖွဲ့ကိုအကြောင်းကြားတော့ စခန်းမှူးလည်း ရောက်လာတယ်၊ တရားခံဖမ်းဖို့အိမ်လိုက်သွားတော့ မရှိတော့ဘူး၊ ခုတော့အမှုဖွင့်ဖို့အတွက်လုပ်နေပါတယ်” ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးတင်သန်းမှ ဧရာဝတီတိုင်းမ် သို့ပြောသည်။


ပိုလီယိုရောဂါခံစားနေရသူအမျိုးသမီးကို အဓမ္မပြုကျင့်သည့် ဝင်းလှိုင်ကို မြင်းကကုန်းနယ်မြေရဲစခန်းတွင် (ပ) ၉၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။


အဓမ္မပြုကျင်ခံခဲ့ရသည့် ပိုလီယိုရောဂါခံစားနေရသူ အမျိုး သမီးမှာ မိခင်ဖြစ်သူမှ နေအိမ်အနီးခြံအတွင်း ဖခင်နှင့် အစ်ကိုတို့အလုပ်လုပ်နေသဖြင့် စာရွက်စာတမ်းများကို အသွားအပြန် နာရီဝက်မျှကြာသည့် ကွင်းထဲသို့သွားယူစဉ် ကျေးရွာတာဝန်ခံဖြစ်သူ၏ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။


ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာအုပ်စုတွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ပိုလီယိုရောဂါခံစားနေရသည့် အမျိုးသမီးတစ်ဦးကို ဇွန်လ ၂၃ ရက်နေ့က ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ထိန်းတပ်မှ ဒုတပ်ကြပ် မျိုးဝင်းထွန်းမှ အဓမ္မပြုကျင့်ခဲ့သဖြင့် ပုသိမ်မြို့မရဲစခန်းတွင် (ပ) ၄၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားရသည်။


ဖျာပုံမြို့နယ်​၊ ကျုံကဒွန်းကျေးရွာတွင် အသက် ၁၀ နှစ်​အရွယ်​ တတိယတန်း​ကျောင်းသူတစ်​ဦး ဇွန်လ ၂၈ ရက်နေ့ အဓမ္မပြုကျင့်ခံခဲ့ရပြီး တရားခံ မျိုးမင်း(ခ)စောဒါဝီကို ရဲတပ်ဖွဲ့မှ သမိန်​​ထော​​ကျေးရွာနှင့်​ ကံဆိပ်​​ကျေးရွာ အကြားရှိ ကားလမ်း​ပေါ်၌ ဖမ်းဆီးခဲ့ရသည်။


ဓာတ်ပုံ – ကျော်လင်း (ဧရာဝတီတိုင်းမ်) Ayeyarwaddy_Times