အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နောက်ပြန်ကန်ချက်နဲ့ ချဲလ်ဆီးကို အသည်းခွဲခဲ့တဲ့ဂိုး

2020-01-02 14:27:07


အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နောက်ပြန်ကန်ချက်နဲ့ ချဲလ်ဆီးကို အသည်းခွဲခဲ့တဲ့ဂိုး

အလွန်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ နောက်ပြန်ကန်ချက်နဲ့ ချဲလ်ဆီးကို အသည်းခွဲခဲ့တဲ့ဂိုး


ဘရိုက်တန်တိုက်ကစားသမား Jahanbakhsh ရဲ့ ချဲလ်ဆီးကို သွင်းယူသွားခဲ့တဲ့ဂိုးကတော့ တကယ့်ကို အဆင့်အတန်းမြင့်မားလွန်းတယ်လို့ပဲ ဆိုရမှာပါ။ ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၁) မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ (၁၀) မိနစ်ကတည်းက အပ်ပီကျူတာရဲ့ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း အနိုင်ဂိုးကို မထိန်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မန်ယူရဲ့အနီးကပ်ဖိအားပေးခြင်းကို ခံနေရတဲ့ ချဲလ်ဆီးအသင်းဟာ ဒီပွဲစဉ်မှာ အနိုင်ရရှိဖို့အတွက် အာဘရာဟမ်ချ်၊ ပူလီဆစ်၊ ဝီလီယံ၊ မစ်ဆင်မောက်တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။


ဘရိုက်တန်ကလည်း သူတို့ရဲ့ အကောင်းဆုံးလူစာရင်းနဲ့ပဲ ချဲလ်ဆီးကို ရင်ဆိုင်လာခဲ့တာပါ။ ချဲလ်ဆီးကစားသမားတွေဟာ ဒီပွဲစဉ်မှာ ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ရုန်းကန်ခဲ့ရတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း (၈၄) မိနစ်မှာ ချေပဂိုးပြန်ပေးလိုက်ရပြီး ဒီဂိုးကိုတော့ ဘရိုက်တန်ရဲ့လူစားဝင်တိုက်စစ်ကစားသမား Jahanbakhsh က သွင်းယူသွားခဲ့တာပါ။


နောက်ခံလူဒွန်းရဲ့ ခေါင်းတိုက်ချပေးမှုကို Jahanbakhsh က ဂိုးဧရိယာနဲ့ ခပ်လှမ်းလှမ်း အနေအထားကနေပဲ နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။Jahanbakhsh ရဲ့ကန်ချက်ဟာ တကယ့်ကို သေသပ်လွန်းပြီး ဒီတစ်ပွဲလုံးလက်စွမ်းပြနေတဲ့ ချဲလ်ဆီးဂိုးသမားကီပါတောင် လှုပ်ချိန်မရလိုက်တဲ့ ရင်သပ်ရှုမောဖွယ်ဂိုးတစ်ဂိုးပါပဲ။



ဘရိုက်တန်တိုက်စစ်ကစားသမားရဲ့ အဆင့်အတန်းမြင့်မားတဲ့ဂိုးRef: Sportbible

Oz11(မိုမိုလေး)