ပြည့်တန်ဆာနဲ့ ပျော်ပါးဖို့ သွားခဲ့ပေမယ့်၊ တရားဟောပြီး ပြန်လာခဲ့ရတယ်ဆိုတဲ့ အဆိုတော် နောနော်

2020-01-01 08:55:54


ပြည့်တန်ဆာနဲ့ ပျော်ပါးဖို့ သွားခဲ့ပေမယ့်၊ တရားဟောပြီး ပြန်လာခဲ့ရတယ်ဆိုတဲ့ အဆိုတော် နောနော်

ပြည့်တန်ဆာနဲ့ ပျော်ပါးဖို့ သွားခဲ့ပေမယ့်၊ တရားဟောပြီး ပြန်လာခဲ့ရတယ်ဆိုတဲ့ အဆိုတော် နောနော်


ပရိသတ်ကြီးရေ.. ဂီတလောကမှာ ကိုယ်ပိုင်သံစဉ်သီချင်းကောင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲ အခိုင်အမာနေရာယူထားကြတဲ့ ဂီတအနုပညာရှင်တွေများစွာထဲမှာမှ အဆိုတော်နောနော်ကလည်း အပါအဝင်ပါပဲနော်..။


နောနော်ကတော့ သီချင်း(၁၃)ပုဒ်ပါတဲ့ “အရှေ့အနောက်တောင်မြောက်” ဆိုတဲ့ သူ့ရဲ့ သီချင်းခွေအသစ်ဟာ လာမယ့် (၂၀၂၀)ဇန်နဝါရီ(၄)ရက်နေ့ ညနေ(၆)နာရီမှာ ထွက်ရှိမှာဖြစ်ပြီး Time City မှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေ သီဆိုဖျော်ဖြေရင် အခွေကိုပါ တစ်ခါတည်းရောင်းမှာဖြစ်ပါတယ်နော်..။


နောနော်ကတော့ အရင်တုန်းက ဆိုးခဲ့တာတွေဟာ ယေရှုကြောင့် လိမ္မာသွားတဲ့ သူ့ရဲ့ကိုယ်တွေ့အကြောင်းလေးတွေကို ဟန်ဆောင်မှုမရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်နော်..။


အရင်တုန်းက မိန်းကလေးတွေနဲ့ ပျော်ပါးသလို ဆေးလည်းချကာ အရက်သောက်ပြီး မကောင်းတာတွေ အားလုံးလုပ်ခဲ့ ဆိုးခဲ့တာတွေဟာ အခုတော့ ယေရှုကြောင့် လိမ္မာသွားတာဖြစ်ပြီဖြစ်တဲ့အကြောင်း ပြောပြလာတာ ဖြစ်ပါတယ်..။


မကောင်းတာတွေလုပ်ပါများရင် ဘာမှမအောင်မြင်တော့ဘဲ လူက ကျက်သရေတုံးလာပြီး ဘယ်လိုတွန်းထုတ်ရမှန်းလည်း မသိခဲ့ပေမယ့် ယေရှုရဲ့နာမနဲ့ မောင်းထုတ်ပြီး စမ်းကြည့်တာ (၁)ပတ်တည်းနဲ့ အဆင်ပြေသွားကာ ယေရှုရဲ့ ခွန်အားတွေကြောင့်လိမ္မာသွားတာ ဆိုပြီး ပြောပြထားတာပါ..။


“ပြည့်တန်ဆာမကို ကြည့်လိုက်တာ ကိုယ့်ညီမလေးလိုပဲ မြင်သွားပြီး တရားဟောပြီးပြန်လာခဲ့တယ် အပြာကားကြည့်ဖို့လုပ်တဲ့အချိန် ယေရှုကိုတားပေးဖို့ ဆုတောင်းလိုက်တဲ့အချိန် လမ်းထိပ်က ခိုးကူးခွေဆိုင် ရဲဖမ်းသွားတယ် အင်တာနက်ကနေ ဖုန်းနဲ့ကြည့်မယ်လုပ်တဲ့အချိန်မှာလည်း လိုင်းမတတ်ဘူး


ဆေးချဖို့ချိန်းပြီးသွားပြီ ဆုတောင်းပြီးသွားတိုင်း ဆယ်ခေါက်ထက်မနည်း နေရာပြောင်းသွားတယ် မချဖြစ်ဘူး အဲ့ဒါနဲ့ တကယ်တန်ခိုးကြီးတာပဲဆိုပြီး စိတ်ပါချိန်းလိုက်တာ အဲ့ဒါနဲ့ လိမ္မာသွားတာပါ ..” ဆိုပြီး လိမ္မာသွားတဲ့အောကာင်းကို ပွင့်ပွင့်လင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်..။


နောနော်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်ကို ကြည့်ရန်