အက်စတာ ရဲ့ အိုင်ဒေါဆုကြေး ကို ပရိသတ်တွေ ရဲ့ အား နဲ့ တောက်ချသွား တဲ့ ဘင်ဂျမင်ဆန်

2020-01-01 08:46:28


အက်စတာ ရဲ့ အိုင်ဒေါဆုကြေး ကို ပရိသတ်တွေ ရဲ့ အား နဲ့ တောက်ချသွား တဲ့ ဘင်ဂျမင်ဆန်

အက်စတာ ရဲ့ အိုင်ဒေါဆုကြေး ကို ပရိသတ်တွေ ရဲ့ အား နဲ့ တောက်ချသွား တဲ့ ဘင်ဂျမင်ဆန်


Myanmar Idol Season 4 ရဲ့ Top 3 စာရင်းဝင် Benjamin Sum ကို ဂုဏ်ပြုချီးမြှင့်ဖို့ Gofundme မှ နှစ်ရက်အတွင်း ကျပ် (၂၂၆)သိန်းကျော်ရရှိနေပါပြီ ။အမေရိကန်ဒေါ်လာနဲ့ ဆို (၁၆,၁၈၅)ဒေါ်လာဖြစ်ပြီး တစ်ဒေါ်လာတွင် ငွေလဲနှုန်း ၁၄၀၀ကျပ်နဲ့ တွက်ထားပါတယ်။ယင်း Gofundme ကို အမေရိကနိုင်ငံ အင်ဒီယာနားပိုလစ်မြို့က Summer တစ်ယောက်ဖြစ်တဲ့ David Taisun က ဒီဇင်ဘာလ (၂၉)ရက်က စတင်ပြုလုပ်ခဲ့တာပါ။


ရည်ရွယ်ချက်ကတော့ Benjamin Sum ရဲ့ရှေ့လျှောက် အနုပညာလုပ်ငန်းအတွက် ဖြစ်ပြီး ယင်း ဂုဏ်ပြုချီးမြှင့်ငွေအားလုံးဟာ Benjamin Sum ထံပေးအပ်သွားမယ်လို့ဆိုပါတယ်။Benjamin Sum အတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်လိုသူများအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်ထိ ထည့်ဝင်နိုင်ပါတယ်လို့ရေးထားပါတယ်။ ခေါက်ဆွဲခြောက်လေးအတွက် ဝမ်းသာစကားလေးတွေပြောပေးခဲ့ပါဦး ။