”ဆေးလိပ်သောက်ခွင့်် ပိတ်လိုက်ပြီဖြစ်သော နေပြည်တော်”

2019-12-31 22:26:40


”ဆေးလိပ်သောက်ခွင့်် ပိတ်လိုက်ပြီဖြစ်သော နေပြည်တော်”

”ဆေးလိပ်သောက်ခွင့်် ပိတ်လိုက်ပြီဖြစ်သော နေပြည်တော်”


နေပြည်တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ ဆေးလိပ်သောက်သုံးခွင့်ပိတ်ပင် ဖောက်ဖျက်ပါက သတိပေးခြင်း၊ဒဏ်ငွေရိုက်ခြင်းများပြုလုပ်မည်

 

နေပြည်တော်၊ဒီဇင်ဘာ၃၁ရက်


နေပြည်တော်တွင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၌ ဆေးလိပ်သောက်သုံးခွင့်ကို နေပြည်တော်ကောင်စီဥက္ကဌ နေပြည်တော်မြို့တော်ဝန်ဒေါက်တာဦးမျိုးအောင်က အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၁၉ ဖြင့် တားမြစ်ပိတ်ပင်လိုက်ကြောင်းသိရသည်။


ဒီဇင်ဘာလ ၂၃ရက်နေ့မှစပြီး ရက်ပေါင်း၁၈၀ကို ပညာပေးကာလအဖြစ်သတ်မှတ်ပြီး ထိုကာလနောက်ပိုင်းတွင် ဥပဒေဖောက်ဖျက်သူဟု သတ်မှတ်ကာ အရေးယူမည်ဟုလည်း ထည့်သွင်းကြော်ငြာခဲ့သည်။


လိုက်နာမှုမရှိ ဖောက်ဖျက်ပါလျှင် သတိပေးခြင်း၊ဒဏ်ငွေကျပ်၁သောင်းရိုက်ခြင်းအပြင် လုပ်ငန်းဆောင်ရွက်သူနှင့်ဆေးလိပ်ရောင်းချသူတို့ကို ခွင့်ပြုမိန့်ရပ်ဆိုင်း၊ပယ်ဖျက်ခြင်းများပြုလုပ်မည်ဟု ကြော်ငြာစာအရသိရသည်။


ဆေးလိပ်ရောင်းချ၊သောက်သုံးခွင့်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီနယ်နမိတ်အတွင်းရှိ ပရိဝုဏ်၊အဆောက်အအုံ၊နေရာ အမျိုးအစား ၁၀နေရာ တို့ိတွင် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အမိုးအကာရှိသည့် စားသောက်ဆိုင်များ၊လ္ဘက်ရည်ဆိုင်များနှင့်အအေးဆိုင်များ လည်းပါဝင်ကြောင်းသိရသည်။


နေပြည်တော်တွင် ဆေးလိပ်ရောင်းချသူဖြစ်လျှင် ဆေးလိပ်တစ်လိပ်ချင်း၊ဆေးလိပ် ၂၀အောက် ရောင်းချခြင်း ပြုလုပ်၍ရမည်မဟုတ်ဘဲ ကျောင်းပရိဝုဏ်နှင့် ပေ၁၀၀အတွင်းတွင်ပါ ရောင်းချ၍ မရဟုလည်းသိရသည်။


ကိုမင်း/Myanmar Harp